Wednesday, 5 December 2012

ကမ္ဘာပျက် ရက်စွဲအကြောင်း စကားဝိုင်း ကျင်းပခဲ့


၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ်လို့ ကမ္ဘာတစ်လွှားမှာ ပြောဆို နေကြတဲ့ ကမ္ဘာပျက် ရက်စွဲ အကြောင်းနဲ့ပတ်သက်ပြီး ကြိုးကြာနီ
စာပေတိုက်မှ ကြီးမှူးကာ စကားဝိုင်း အဖြစ် ကျင်းပမှုကို ဒီဇင်ဘာလ ၄ ရက်နေ့က Central Hotel မှာပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ စကားဝိုင်းဟာ စာရေးဆရာ သတိုးတေဇ ရေးသားထားတဲ့ ကမ္ဘာပျက် ရက်စွဲ စာအုပ်ကို အခြေခံပြီး ဟောပြော ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ ကမ္ဘာပျက် ရက်စွဲ စကားဝိုင်းကို ရာသီခွင်နဲ့လက္ခဏာ အမြင်များ အတွက် ဆရာစံ-ဇာဏီဘိုနဲ့ စာရေးဆရာ မင်းခိုက်စိုးစန် တို့က ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။ စာရေးဆရာ သတိုးတေဇ ရေးသား ထားထားတဲ့ ကမ္ဘာပျက် ရက်စွဲစာအုပ် မှာတော့ ကမ္ဘာပျက်ခြင်း အကြောင်း၊
Maya Calendar အကြောင်း၊ Hopi လူမျိုးစုအကြောင်း၊ အီဂျစ်လူမျိုး၊ Tiponi လူမျိုးများ စပ်ဆက်နေပုံ များကို ရေးသား ထားတာ ဖြစ်ပါတယ်။ အခုလို စကားဝိုင်း အဖြစ် ဆွေးနွေးခဲ့တဲ့ စာအုပ် တစ်အုပ်ကို ဖတ်ရှုလိုသူတွေ အတွက် ကိုတော့ တစ်အုပ်ကို ကျပ် ၂၂၀၀နဲ့ ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


MRTV4 မှ သိသမျှ ။

No comments:

Post a Comment