Thursday, 6 December 2012

မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင် Nokia Lumia 620 ဖုန်းအသစ်

Windows Phone 8 OS ကိုအသုံးပြုထားတဲ့ Lumia မိသားစုဝင် ဖုန်းအသစ် ကို Nokia တို့ အသစ်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၂၄၉ ဝန်းကျင်မှာပဲ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ၂ သိန်းအထက်ပေါက်ဈေး ရှိမယ့် ဟန်းဆက်ပဲ ဖြစ်ပါတယ်။


ကင်မရာ 5 megapixel ရှိပြီး ရှေ့ မှာတော့ WVGA ကင်မရာ ဖြစ်ပါတယ်။ LED flash ပါဝင်ပြီး 720p အဆင့်နဲ့ ဗီဒီယို recording လုပ်နိုင်ပါတယ်။ ၃.၈ လက်မ TFT မျက်နှာပြင်ကို အသုံးပြုပြီး resolution ကတော့ 800x400 ဖြစ် ပါတယ်။

1GHz dual-core Snapdragon S4 processor ကိုအသုံးပြု ထားပါတယ်။ 0.5GB RAM နဲ့ Storage 8GB ပါဝင်ပါတယ်။ 64GB အထိ ကဒ်ထပ်ဆိုက်လို့ ရပါတယ်။ Wi-Fi လည်းပါရှိပြီး WCDMA 3G network မှာ အကောင်းဆုံး အလုပ်လုပ်မယ့် ဖုန်း ဖြစ်ပါတယ်။ NFC, Bluetooth 3.0 လည်း ပါဝင်ပါ တယ်။ နောက်က ကာဗာကို အလွယ်တကူ ပြောင်းလဲလို့ ရပြီး အရောင်အမျိုး မျိုး ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

ပဲရစ်မှာ ပြသသွားခြင်း ဖြစ်ပြီး လာမယ့် ဇန်နဝါရီလမှ စလို့ အာရှမှာ ဖြန့်ချိ မှာ ဖြစ်ပါတယ်။ အာရှပြီးမှ အရှေ့ အလယ်ပိုင်း၊ ဥရောပ၊ အမေရိက အစရှိ သဖြင့် တစ်ဆင့်ခြင်း ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း
သက် သာပြီး လုပ်ဆောင်ချက် အသင့်တင့် ရှိတဲ့ အလယ်အလတ် တန်းစားဖုန်း Nokia Lumia 620 လည်း မကြာမီဈေးကွက်ရောက် ရှိလာတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။

Aung Kham (TSJ team) မှ သိသမျှ ။


No comments:

Post a Comment