Monday, 24 December 2012
အင်တာနက်နှင့် www မတူညီမူ
Internet ဆိုတာ ကွန်ပြူတာပေါင်း မြောက်များစွာ ပါဝင်ဆက်သွယ်တဲ့ ဧရာမ ကွန်ရက်ကြီး (Huge network) တစ်ခု ဖြစ်ပါတယ်။ ရုံးတွင်း ကွန်ရက် ငယ်ငယ်လေးကနေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်တဲ့အထိ ဧရာမ ကွန်ရက်ကြီး တစ်ခုအထိ ဖြစ်လာတာကို Internet လို့ခေါ်ပါတယ်။ ကြိုးနဲ့သော်လည်းကောင်း၊ ကြိုးမဲ့ နည်းပညာဖြင့်သော် လည်းကောင်း ဆက်သွယ်ထားပြီး ၎င်းကို အင်တာနက်လို့ ခေါ်ပါတယ်။
World Wide Web (www) ဆိုတာကတော့ ယင်း အင်တာနက်ကို အသုံးပြုပြီး သို့မဟုတ် (Web browser) ကို အသုံးပြုပြီး ကိုယ်ကြည့် ချင် မြင်ချင်တဲ့ စာမျက်နှာစီ ချိတ်ဆက်ပေးတဲ့ စာမျက်နှာများကို
စုစည်း ထားပေးသော စနစ် (Collection) တစ်ခု ဖြစ်ပါတယ်။
Web browser ကတော့ ဆော့ဖ်ဝဲ (application) တစ်ခုဖြစ်ပြီး ကိုယ်ရှာဖွေ လိုတဲ့ www လိပ်စာများကို အလိုအလျောက် ရှာဖွေဖော်ပြပေး တဲ့ အလုပ်ကို လုပ်ပါတယ်။
Aung Kham TSJ team မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment