Thursday, 28 February 2013

မြန်မာလူငယ်တစ်ဦး ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း

   မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများ သည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့် ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ

တစ်ဦးတည်းသော သားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင်

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော် ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။

Popular Myanmar News Journal မှ သိသမျှ ။

 ကိုရီးယား အမျိုးသမီး သရုပ်ဆောင် ဂျောင်ဆိုယောင်း၊ ဓာတ်ပုံ- asianfanfics.com

နာမည်ကြီး ကိုရီးသားအမျိုးသမီးသရုပ်ဆောင် ဂျောင်ဆိုယောင်း ဟာ မြန်မာပြည်ကို ခေတ္တ ရောက်နေ ပါ တယ်။ အခုလို ရောက်ရှိခိုက်မှာ သူ့ကို မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုး ၀တ်ဆင်ထားတဲ့ သတင်းနဲ့ ဓာတ်ပုံ ကို ယနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြလာပါတယ်။ 

ဂျောင်ဆိုယောင်းဟာ ရသစုံလင် လောကတခွင်ဆိုတဲ့ အစီအစဉ်အတွက် မြန်မာနိုင်ငံကို ရောက်နေ တာ ဖြစ်ပြီး  မြန်မာဝတ်စုံနဲ့ မြန်မာ့ရိုးရာ အစားအစာကို ခုံခုံမင်မင် မြတ်မြတ်နိုးနိုးရှိတယ်လို့ ပြောပါတယ် တဲ့။ - See more at: http://blog.irrawaddy.org/2013/02/blog-post_821.html#sthash.FkCPqxXx.dpuf
ကိုရီးယား အမျိုးသမီး သရုပ်ဆောင် ဂျောင်ဆိုယောင်း၊ ဓာတ်ပုံ- asianfanfics.com

နာမည်ကြီး ကိုရီးသားအမျိုးသမီးသရုပ်ဆောင် ဂျောင်ဆိုယောင်း ဟာ မြန်မာပြည်ကို ခေတ္တ ရောက်နေ ပါ တယ်။ အခုလို ရောက်ရှိခိုက်မှာ သူ့ကို မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုး ၀တ်ဆင်ထားတဲ့ သတင်းနဲ့ ဓာတ်ပုံ ကို ယနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြလာပါတယ်။ 

ဂျောင်ဆိုယောင်းဟာ ရသစုံလင် လောကတခွင်ဆိုတဲ့ အစီအစဉ်အတွက် မြန်မာနိုင်ငံကို ရောက်နေ တာ ဖြစ်ပြီး  မြန်မာဝတ်စုံနဲ့ မြန်မာ့ရိုးရာ အစားအစာကို ခုံခုံမင်မင် မြတ်မြတ်နိုးနိုးရှိတယ်လို့ ပြောပါတယ် တဲ့။
- See more at: http://blog.irrawaddy.org/2013/02/blog-post_821.html#sthash.FkCPqxXx.dpuf

No comments:

Post a Comment