Wednesday, 27 February 2013

တစ်စုံတစ်ရာကို မမှတ်မိသောအခါ မှတ်ဥာဏ်ဟာ ဘယ်လိုဖြစ်သွားသလဲ


အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင် မှုတွေကိုလေ့လာ ရာမှာကျွန်တော် တို့ ဦးနှောက်ရဲ့ အချက်အလက် သိမ်းဆည်းမှု ပုံစံဟာ ဘီရိုထဲမှာ အစဉ်တကျ စီထည့်ထားတဲ့ ဖိုင်တွဲတွေနဲ့ မတူဘဲ ရူပ်ထွေးနေတဲ့ စာပွဲတစ်လုံးပေါ်မှာ ပစ်တင် ထားတဲ့ စာအုပ်ပုံတစ်ခုနဲ့ တူတယ်ဆိုတာကို သွားတွေ့ ရပါတယ်။
 Tip of the Tongue လို့ခေါ်တဲ့ အခြေအနေ ဟာ ကျွန်တော်တို့ ရှာဖွေတဲ့ အကြောင်းအရာတစ်ခု ဘယ်နားမှာ ရှိနေတယ်ဆိုတာကို သိုလိုက်တဲ့ အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်မတွေ့ရ သေးပါဘူး။ မကြာသေးမီက လေ့လာမှုတစ်ခုမှာတော့ သဲလွန်စ တစ်ခုရခဲ့ပါတယ်။ အဲဒါက လူတစ်ယောက် အနေနဲ့ တစ်စုံတစ်ရာကို အစရှာဖွေရာမှာ စကားလုံးတွေကို သတိရအောင်ကြိုးစား တယ်ဆိုတာထက် TOT အခြေအနေကိုသာ ပြန်လည်စဉ်းစား နေကြတာဖြစ် ပါတယ်။
အဲဒါက အဖြစ်အပျက်တစ်ခုကို မှတ်မိဖို့ အဲဒီအဖြစ်အ ပျက်နဲ့အတူ ကြုံတွေ့ ခဲ့ရတဲ့ အရာကို စိတ်ထဲမှာ အသေမှတ်ထားလိုက် ခြင်းပါပဲ။ ဒါပေမဲ့ ပြဿနာတစ်ခုက အသက်ကြီးရင့်လာတဲ့ အခါ
ကျွန် တော်တို့ မှတ်ဥာဏ်ဆဲလ်တွေမှာ အဓိကအလုပ် လုပ် ဆောင်တဲ့ Gray Matter ဖြစ်ပွားမှု နှုန်းလျော့နည်း သွားခြင်းက မှတ်ဥာဏ်ကောင်း မွန်မှုကို ထိခိုက်စေ ပါတော့တယ်။ ဒီအခါမှာတော့ ဦးနှောက်ဟာ အကြောင်းအရာတွေကို ဆက်စပ်တွေးတောဖို့ အခက်အခဲဖြစ်ရပါတယ်။


it the times မှ သိသမျှ ။

No comments:

Post a Comment