သရုပ်ဆောင်ရာ တွင် အိုက်တင် ပိုခြင်း၊ လိုခြင်းများကို သိပ် နားမလည်သေး၍ ဒါရိုက်တာ၊ စီနီယာ များ၏ လမ်းညွှန်မှုဖြင့် ပြုလုပ်ကြောင်း အေးမြတ်သူ က ပြောသည်။
”ဇာတ်လမ်းကောင်းကောင်း လုပ်ကွက် ရတာလေးတွေကို ပရိသတ်က ရိုက်စေချင်ပေမယ့် ဒါကလည်း ကိုယ့်အပေါ် လာတဲ့ အခွင့်အရေးတွေ လည်း ရှိသေးတာကိုး။ ဇာတ်ကား တစ်ကား ရိုက်တော့မယ် ဆိုရင် ကိုယ့်အတွက် ထရိန်နင် ကောင်းကောင်းရထားမှ ကိုယ့်အတွက် ယုံကြည်မှု ရှိတယ်လို့ ခံစားရတယ်။ ဒီနေ့ ရိုက်မှာကို မနက်မှ ထလုပ်တာထက် ပြင်ဆင်မှု ကြိုလုပ်ရတယ်။ ဇာတ်ကား တစ်ကားကောင်းဖို့ အတွက် ဒါရိုက်တာ အပေါ်မှာ အများကြီး မူတည်တယ်။ ဒါတွေက သင်တန်းကျောင်းဆင်း၊ တက္ကသိုလ်တွေ တက်ပြီး သရုပ်ဆောင် လုပ်တာမှ မဟုတ်တာ။ လုပ်ငန်းကနေ ပြန်သင်နေရတာလေ။ လုပ်ချင်စိတ် တစ်ခုနဲ့ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပဲ ရှိတာပါ ။ အေးမြတ်သူ က အကောင်းဆုံး လုပ်လိုက်ပေမယ့် တစ်ခါတလေ ကျရင် ပရိသတ်နဲ့ သဟဇာတ မဖြစ်တာမျိုး ဖြစ်တတ်တယ်။ ကောင်းချင်တဲ့ ဆန္ဒလွန် သွားတဲ့အခါ တစ်ဖက်စောင်းနင်း ဖြစ်သွားတာမျိုး ရှိတတ်တယ်” ဟု ၄င်းက ဆိုသည်။
”မော်ဒယ် တစ်ယောက်က ဖက်ရှင်ကျတာ လက်ခံလို့ ရပေမယ့်
သရုပ်ဆောင် တစ်ယောက်က ဇာတ်ရုပ် ပီပြင်ဖို့ ဆိုတာ ဖက်ရှင် တအားကျဖို့ ဆိုတာ မလိုအပ်ဘူးလို့ ထင်တယ်။ အရင်တုန်းက အဲဒီလို မသိတဲ့ အတွက် နားကပ်ကိုလည်း အကြီးကြီး ဝတ်ချင် ဝတ်တယ်။ အဝတ်အစား လည်း ဒီလိုပဲ။ အဲဒါက ကားတိုင်း လုပ်လို့ မရဘူး ဆိုတာ သိလာရတယ်။ သရုပ်ဆောင်ချက် ကပဲ ကိုယ့်ကို အများကြီး ထောက်ပံ့ပေးနိုင်တာ။ အဝတ်အစားက အဲဒီလောက် ရာခိုင်နှုန်းပြည့် ထောက်ပံ့မှု မပေးနိုင်ဘူး။ တစ်ခါတလေ ကျရင် အဝတ်အစားက ကိုယ့်သရုပ်ဆောင် မှုကိုပါ ထိခိုက်မှု အများကြီး တွေ့နိုင် တယ်” ဟု အေးမြတ်သူ က ဆိုသည်။
မေမွန်မောင်
popular myanmar.com မှ သိသမျှ ။

ဆရာမှားရင်တော့ တသံသရာလုံး မှောက်/ပက်လက်လှန်ရတော့တာပဲး။
ReplyDelete