Showing posts with label ဓမ္မအတွေး. Show all posts
Showing posts with label ဓမ္မအတွေး. Show all posts

Sunday, 6 July 2014

မေတ္တာဆိုတာ


မေတ္တာဆိုတာ အကျိုးလိုလားခြင်းပါပဲ။ သတ္တဝါတွေရဲ့  ကောင်းကျိုးကိုလိုလားတာ၊
တစ်ဦးတစ်ယောက်ရဲ့  အကျိုးကိုလိုလားတာဟာ မေတ္တာရဲ့  သဘောပဲ ဖြစ်ပါတယ်။ အဲဒီ မေတ္တာဟာလည်း ကာယကံ မေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံ မေတ္တာဆိုပြီး သုံးမျိုးသုံးစားလုံးမှာ အကျိုးပြုပေးလို့ ရနိုင်တာ ဖြစ်ပါတယ်။

တစ်ယောက်ယောက် အပေါ်မှာ စစ်မှန်တဲ့ အကျိုးလိုလားတဲ့ စိတ်ကလေးနဲ့ အဝေးရောက်နေပေမယ့် အာရုံပြုပြီး မေတ္တာတွေ ပို့ပေးနေတာ မနောကံ မေတ္တာရဲ့  သဘောပဲ ဖြစ်ပြီး နှုတ်၏စောင်မခြင်း၊ ကိုယ်၏စောင်မခြင်းတွေဟာလည်း ဝစီကံမေတ္တာ၊ ကာယကံမေတ္တာရဲ့  သဘောမျိုးပဲ ဖြစ်ပါတယ်။

ကိုယ့်ဘက်ကသာ ရိုးသားတဲ့ စိတ်ထား၊ စစ်မှန်တဲ့ နှလုံးသွင်းမှု၊ အကျိုးလိုလားတဲ့ စေတနာမှန်မှုမျိုး ရှိနေကြမယ်ဆိုရင် အားလုံးအပေါ်မှာ မေတ္တာတွေ သက်ရောက်နေတော့တာဖြစ်ပြီး ကိုယ့်စိတ်စေတနာနဲ့ မေတ္တာသာ မှန်မယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးတရားဆိုတာ မမျှော်လည်းပဲ ရောက်လာတော့တာ ဖြစ်ပါတယ်။

ဒီတော့ကား နေရတဲ့ တဒင်္ဂအခိုက်အတန့်လေးမှာ သတ္တဝါတွေဟာ တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားတဲ့ စိတ်လေးတွေနဲ့ ချိုသောစကားပြောဆိုတာ၊ တတ်နိုင်သမျှ ကူညီစောင့်ရှောက်တာ၊ စိတ်စေတနာကောင်းလေးနဲ့ ဆုတောင်းမေတ္တာ ပို့ပေးနေတာလေးတွေဟာ ဘာမှအပန်းမကြီးဘဲ

Tuesday, 24 June 2014

ရချင်ရင် ပေးပါ



မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် ရလာတဲ့ အခါမှာလည်း ကိုယ်ပေးလိုက်တဲ့ အရာနဲ့တန်အောင်တော့ ပြန်ရကြတာပဲ ဖြစ်ပါတယ်။ ဒီပေးခြင်းဟာ ပစ္စည်း ဥစ္စာပေးခြင်းမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထု အသွင်အပြင် အနေအထား အားလုံးနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်က အပြုံးလိုချင်ရင် ကိုယ်ကအရင် ပြုံးပြရမှာဖြစ်သလို ကိုယ်က အကောင်းကြားချင်ရင်လည်း ကိုယ်ကအရင် အကောင်းပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင်

Monday, 16 June 2014

စောင့်လေမျိုးနွယ်


ရှေးတုန်းက ပညာရေးက ဘုန်းတော်ကြီးကျောင်းသင်စနစ်ဆိုတော့ ယဉ်ကျေးလိမ်မာဖို့အတွက်
စိတ်ချရပြီးသားပဲ။
ဘုန်းကြီးကျောင်းထွက်ဆိုရင် လောကကြီးမှာ အဆင်ပြေပြေနဲ့ ပြောဆိုဆက်ဆံတတ်ပြီးသားပါ။
အခုခေတ်တော့ အဲ့ဒီလိုချေချေငံငံ ပြေပြေပြစ်ပြစ် မလုပ်တတ်ကြဘူး။ လောကီပညာတွေဘွဲ့ ရအောင်
တတ်ပေမယ့် လူမှူဆက်ဆံရေးပညာ သိပ်ညံ့နေတယ်။ ဒါကြောင့်လည်းလောကကြီးပွားတိုးတက်ရေးမှာ
အောင်မြင်သင့်သလောက်မအောင်မြင်ကြတာပဲ။

" တို့မြေဌါနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှာ၊ ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာကို ရပ်ရွာလူများ ၊လွန်လေးစားခဲ့။
              ခုကာလ၀ယ်၊ နုနယ်ပွားစီး၊ သားသမီးတို့ ၊ဘုန်းကြီးကျောင်းတွင်၊စာမသင်ခဲ့ ၊ မိခင်မြန်မာ၊
တို့မွေစာကို၊များစွာလေးစား၊မသင်ကြားပဲ၊ တခြားရပ်ဝေး၊စာမထွေးကို အလေးတမူ၊အရေးယူ၍၊
ကြည်ဖြူခဲ့ရာ၊နှစ်ပေါင်းကြာသော်၊မြန်မာပြည်သား၊တိုင်းရင်းဖွားတို့ ၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊
စွန့်လိမ့်မှန်စွာ၊မြတ်သံဃာသည်၊ ရှောင်ခွာ သာသနာ ကွယ်ကြောင်းတည်း။"

ဆိုတဲ့ ကဗျာလေးထဲကအတိုင်း တန်ဖိုးမထားတတ်တော့ဘူး။ အမျိုးဂုဏ်၊ဘာသာ၊သာသနာရဲ့ ဂုဏ်ကို
လည်း ထိန်းသိမ်း စောင့်ရှောက်ရကောင်းမှန်း မသိကြတော့ဘူး။ဘာသာ သာသနာကို မလေးစားရင်
မြန်မာ့ယဉ်ကျေးမှူအမွေအနှစ် ကိုယ်ကျင့်တရားဆိုတာလည်း တဖြေးဖြေး ပျောက်ကွယ်သွားမှာပဲ။
မြန်မာ့ယဉ်ကျေးမှူ ဆိုတာက ဗုဒ္ဓမြတ်စွာသာသနာတော်မှာ အခြေခံထားရတာမို့  ဘာသာ သာသနာ
လေးစားမှူ လျှော့နည်းလေ ယဉ်ကျေးတဲ့ ကိုယ်ကျင့်တရား မှေးမှိန်လေဖြစ်ပြီး လောကကြီးထဲမှာ
နေရထိုင်ရတာ ကြောက်စရာကောင်းလာတော့မယ်။

"ပေးဝေနှီးရင်း" ဆိုတဲ့ မိဘ၀တ္တရားကိုလည်း ကျေပွန်ရမယ်။ သားသမီးတွေကြီးပြင်းလို့  သူ့ လက်သူ့ခြေ
ရပ်တည်နိုင်ပြီဆိုရင် ဥစ္စာရင်းနှီး ထုတ်ပေးရမယ်။ ပညာ အရင်းအနှီးလည်း အရင်းအနှီးပါပဲ။ ထိမ်းမြားခြင်း

Tuesday, 10 June 2014

ရိုးသားခြင်းဆိုတာ ဂုဏ်တစ်ခုပါ




တစ်ချို့က “ရိုးလွန်းရင် အ တယ်”လို့
ပြောတတ်ကြပါတယ်။မအ ပါဘူး။
ရိုးသားခြင်းဆိုတာ ”ဂုဏ်” တစ်ခုပါပဲ။

အမှန်တော့ မရိုးမသား လည်တဲ့သူကသာ
တကယ်အ တာပါ။ တစ်ချို့ ရိုးသားမှုမရှိ
ကိုယ့်ကိုကိုယ် အဟုတ်ထင်ပြီး လုပ်ချင်သလို
လုပ်ကာ အများအမြင်မှာ လည်တယ်လို့
ထင်ခံနေကြရတဲ့ သူတွေဟာ
ကိုယ့်လုပ်ရပ်နဲ့ကိုယ် ဝဋ်ပြန်လည်တာ၊
သံသရာပြန်လည်တာ စတာတွေ ဖြစ်လာပြီး
ရိုးဂုဏ်ပျောက်ကာ တန်ဘိုးဂုဏ်မှောက်
ကုန်ကြတော့တာ ဖြစ်ပါတယ်။
မရိုးမသား လည်လွန်းအားကြီးတဲ့
သူတွေကသာ တကယ့် “လူအ”တွေပါ။

ရိုးသားမှု ရှိနေတဲ့သူအတွက်ကတော့
အများအမြင်မှာ ဘယ်လိုပဲ အ တယ်
ထင်ထင် သူ့အသွင်နဲ့သူ၊ သူ့ယုံကြည်မှုနဲ့သူ၊
သူ့ဂုဏ်နဲ့သူ ရှိနေပြီးသား ဖြစ်တဲ့အတွက်
မဟုတ်တာလည်းမလုပ်၊ ရှိတာလေးနဲ့
ရိုးကုတ်ပြီး အဖိုးအထုပ် အပြည့်နဲ့
အကျင့်တရားကို အခြေခံ အဖြေမှန်အောင်
ကြိုးစားပြီး ဝဋ်လည်မယ့်အလုပ်၊
သံသရာလည်မယ့် အလုပ်တွေကို
မလုပ်ဖြစ်တော့ပါဘူး။

အဲဒီလို ဝဋ်တွေ၊ သံသရာတွေကို
မလည်စေချင်လို့ ရိုးသားမှုနဲ့ ဘဝကို
တည်ဆောက်ထားတဲ့ သူတွေမှသာ

Friday, 30 May 2014

အမျက်ပါ အမုန်းသုံးရင် တစ်သက်စာ ဆုံးရှုံးမယ်



ဒေါသကြီးတဲ့သူ
ဒေါသကို ကိုယ်အမူအရာ
နှုတ်အမူအရာနဲ့
ထင်ရှားပြတတ်သူကို
ဘယ်သူကမှ
တရင်းတနှီး
မပတ်သက်ချင်ကြပါဘူး။

မလွှဲသာလို့
ပတ်သက်ရတောင်မှ
အလုပ်သဘောအရ
အပေါ်ယံပဲ ဖြစ်ပါလိမ့်မယ်။

အတွင်းက မေတ္တာစိတ်
အပြည့်အဝ ပါလာမှာ
မဟုတ်ပါဘူး။

ကိုယ့်အပေါ်ထားရှိတဲ့
ပတ်ဝန်းကျင်ရဲ့
မေတ္တာတရားကို
ဆုံးရှုံးစေတာ ဒေါသပါ။

ကိုယ့်ကို ကူညီစောင့်ရှောက်
နေသူတွေရဲ့ ကမ်းလက်ကို

အမြဲတမ်းရှိနေတဲ့ အန္တရာယ်


နေ့စဉ်ကြုံတွေ့နေရတဲ့ “စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ” တွေဟာ “ကိုယ့်ရဲ့စိတ်အင်အား နဲ့
စိတ်အခြေအနေ၊ စိတ်ကြည်လင်ရွှင်လန်းမှု” ကို ဖျက်စီးနေတဲ့အရာတွေထဲမှာ “အကြီးမားဆုံး”ပဲ။

ဒါကြောင့် နေ့တိုင်း နေ့တိုင်း ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။
ကိုယ့်ငွေနဲ့ အချိန်တွေ အကျိုးမဲ့ လေလွင့်မှုဖြစ်နေတာ၊ ကုန်သွားတာကို ဘယ်သူမဆို နှမြောတတ်ကြတယ်။ အဲလိုပဲ ကိုယ့်စိတ်အင်အားတွေ စိတ်ကြည်လင်မှု တွေကို
မဖြစ်စလောက်ကိစ္စ အသေးအမွှားလေးတွေနဲ့ နေ့စဉ် စိတ်တိုရင်း ကုန်သွားတာကို နှမြောတတ်ဖို့ လိုပါတယ်။

အလုပ်ကို အဆင်ပြေပြေ အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင် အဲဒီလို စိတ်တိုစရာတွေကို
ရှောင်နိုင်သလောက် ရှောင်ရမယ်။ ရှောင်လို့မရတာကိုတော့ သတိလေးနဲ့ စိတ်ကို သိပြီးတော့
ဒေါသကြီးကြီး မပေါက်ကွဲအောင် နေတတ်ရမယ်။ ဒေါသဟာ အမြဲတမ်း ဖြစ်နိုင်တယ်။
ဒေါသဟာ ဒုက္ခလည်း ဖြစ်စေတယ်။ ဒါကြောင့် ဒေါသဟာ
“အမြဲတမ်းရှိနေတဲ့ အန္တရာယ်”လို့ ဆိုနိုင်တယ်။

ဒီလို အမြဲတမ်းရှိနေတဲ့အန္တရာယ်နဲ့ ပတ်သက်ပြီးတော့“လေ့လာထားဖို့ ၊သိထားဖို့ ၊နားလည်ထားဖို့”လိုတယ်။ ကိုယ့်ကို စိတ်တိုအောင် ဒေါသဖြစ်အောင်
လုပ်နိုင်တဲ့အရာ၊ လုပ်နိုင်တဲ့သူဟာကိုယ့်အတွက် အန္တရာယ် ဖြစ်တယ်။
အဲဒီလို အန္တရာယ်မျိုးကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတယ်။ ကိုယ့်ကို စိတ်တိုအောင်၊ စိတ်ဆိုးအောင်၊ မခံချင်အောင်၊ ဆင်းရဲအောင် လုပ်နိုင်တဲ့ကိစ္စတွေဟာ
ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲပဲ ရှိနေတယ်။

ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့ အမြဲလိုလို ရှိနေတတ်တဲ့ အဖော်ပဲ (အဖော်ကောင်းတော့ မဟုတ်ဘူး)။
သူတို့ကို ကိုင်တွယ်တတ်အောင် လေ့လာထားရမယ်။သူတို့နဲ့ နေတတ်အောင်လည်း လုပ်ထားရမယ်။
လုံးလုံးကြီး ရှောင်လို့ကလည်း ဖြစ်နိုင်တာမှ မဟုတ်ပဲနော်။
တကယ်လို့ ရှောင်နိုင်တယ်ဆိုရင် ရနိုင်သလောက် ရှောင်ပါ။ ဖယ်ရှားနိုင်ရင် ဖယ်ရှားပါ။
ရှောင်လို့မရ၊ ဖယ်ရှားလို့ မရရင်တော့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကို

Monday, 27 January 2014

“စိတ်ထားတွေသာ မြင့်ပါစေ



- မပြိုင်သင့်တဲ့ အရာတွေ၊ မယှဉ်သင့်တဲ့ အရာတွေကို
ပြိုင်လာတဲ့ အခါ၊ ယှဉ်လာ တဲ့အခါ မနာလို ၀န်တိုခြင်း
ဆိုတာ ဖြစ်ပေါ်လာတယ်။

- ယှဉ်ပြိုင်လိုက်လို့ ကိုယ့်စိတ်မှာ အေးချမ်းတယ်ဆိုတာ
မရှိပါဘူး။ အနိုင် လိုချင်တဲ့ ရမ္မက်ဇောကြောင့် ပူလောင်
ရတယ်။

- မရခင် အချိန် မှာလည်း ပူလောင် ပါတယ်။ ရပြန်ပြီး
တော့လည်း ပြန်လည်ရှုံးနိမ့် သွားမလားဆိုတဲ့ စိတ်နဲ့
ပူလောင်ရပြန်ပါတယ်။

- တကယ်ပြိုင်ရမှာက ယနေ့ ငါရဲ့ စိတ်ထားတွေ မနက်
ဖြန် ဒီထက်ပိုကောင်းလာ စေရမယ်။ ပိုမြင့်မြတ်လာစေ

Monday, 30 December 2013

စိတ်ကို ရှင်းရှင်းထား


လူ့ဘ၀ဆိုတာ ချမ်းသာအောင်နေတတ်မှ ချမ်းသာမယ်။
စိတ်ကို ရှင်းရှင်းထား။ သောက ဗျာပါဒတွေ မ၀င်စေနှင့်။

“စိတ်ကို ရှင်းရှင်းထား” ဆိုသည်မှာ
ကိုယ်နှင့်မဆိုင်တဲ့ အာရုံတွေကို စိတ်ထဲမှာ မထားရဘူး။
အကြောင်းကိစ္စတွေဆိုတာ သူ့အကြောင်းနှင့်သူ ဖြစ်တာ။

ကိုယ့်အိမ်ရှေ့မှာ
သူများက အမှိုက်သရိုက်တွေ
လာပြီး စုပုံထားရင် မကြိုက်သလို ..

မေတ္တာနှင့်တစ်လောကလုံးကို ဖြန့်ပြီး၊
စိတ်ကို ရှင်းရှင်းထား နေတတ်တဲ့သူဟာလည်း

အိမ်ထောင်ဖက်သည် ပါရမီဖြည့်ဖက်ဖြစ်ရမည်


ကာမဂုဏ်ချမ်းသာကို မစွန့်နိုင်သူတွေအနေနဲ့
ကာမဂုဏ် ချမ်းသာရဲ့ တန်ဖိုးဖြတ်မရတဲ့အရာ
မဟုတ်ပုံတွေကိုတွေးပြီး စိတ်ညစ်စရာ မလိုဘူး။
ကိုယ်က ရဟန်းမပြုနိုင်ဘူးဆိုရင် အိမ်ထောင်ပြုပေါ့။
ရဟန်းပြုနဲ့ အိမ်ထောင်ပြုဆိုပြီး
‘ပြုနှစ်ပြု’ ရှိတာ ဆိုတော့
တစ်ပြုပြုကိုတော့ ရွေးချယ်ရမှာပဲ။

ကာမဂုဏ်ချမ်းသာ မစွန့်လွတ်နိုင်လို့
အိမ်ထောင်ပြုလိုက်ရတဲ့ သူတွေအနေနဲ့
“အိမ်ထောင်ဖက်သည် ပါရမီဖြည့်ဖက်ဖြစ်ရမည်”
ဆိုတဲ့မူကို လက်ကိုင်ထားပြီး
ကုသိုလ်ပါရမီတွေ ဖြည့်ကျင့်သွားမယ်ဆိုရင်
တန်ဖိုးဖြတ်ရတဲ့ ကာမဂုဏ်ချမ်းသာကို ခံစားနေရင်းနဲ့
တန်းဖိုးဖြတ်မရတဲ့ တရားဓမ္မချမ်းသာကိုလည်း ခံစားခွင့်ရမှာပါပဲ။

★ပါရမီဆိုတာ တွန်းအားလိုအပ်ပါတယ်။
အလိုပြည့်လို့ ကျေနပ်နေတဲ့ စိတ်ဓာတ်အင်အားဟာ
ပရမီဖြည့်ဖို့ တွန်းအားပါပဲ။
တွန်းအာမရှိလို့ပရမီမဖြည့်တာထက်စာရင်

ကုသဖို့ အရေးကြီးတယ်



မြားမှန်တဲ့ စစ်သားတစ်ယောက်က "ဒီမြားကို ဘာနဲ့လုပ်ထားတာလဲ။ ဒီမြားကို ဘယ်အရပ်က ပစ်တာလဲ။ ဘယ်သူက ပစ်တာလဲ" စသဖြင့် ဒါတွေကို သိအောင် လုပ်ဖို့ သိပ်ပြီး အရေးမကြီးပါဘူး။

ဒါတွေကို သိဖို့ထက် ဒဏ်ရာပျောက်အောင် ကုသဖို့က ပိုပြီး အရေးကြီးပါတယ်။
ဒီလိုပါပဲ။

အလုပ်သမား ပြောတဲ့ စကား၊ သားသမီးတွေ၊ တပည့်တွေ ပြောတဲ့စကား ဖြစ်နေပေမယ့်လည်း မှန်ကန် အကျိုးရှိတဲ့ စကားဆိုရင် ပြောတဲ့ ပုဂ္ဂိုလ်ကို စိစစ်မနေဘဲ မြတ်မြတ်နိုးနိုး လိုက်နာကျင့်သုံးတတ်ရပါတယ်။

မိဘ၊ ဆရာသမားတွေ ပြောတာလည်း ဖြစ်မယ်၊ မှန်ကန် အကျိုး ရှိတဲ့ စကားလည်း ဖြစ်မယ်ဆိုရင်တော့ အထူးပြောစရာ မလိုတော့ပါဘူး။

ဒါမျိုးကို "အညမည သဂါရဝ" လို့ ဆိုနိုင်ပါတယ်။ လက်အောက်ငယ်သားက အကြီးအကဲကို

Friday, 27 December 2013

ကိုယ်အကောင်းနေရင် သူအနေကောင်းလာမယ်




ကိုယ့်ရဲ့
ကိုယ် နှုတ် စိတ်ကို
အကောင်းနိုင်ဆုံး
ကောင်းအောင်
ပြုပြင်နေထိုင်ခြင်းဖြင့်
ကိုယ်နဲ့
ထိတွေ့ဆက်ဆံနေရတဲ့
ပတ်ဝန်းကျင်ကို
အသံတိတ်တရားအလှူ
အမြဲပေးလှူသင့်ပါတယ်။

အသံတိတ်တရားအလှူရဲ့
အဓိကအမှတ်အသားကတော့
ဣနြေ္ဒသိက္ခာနဲ့
ကိုယ်ကျင့်တရားပါပဲ။
ကိုယ်ဣနြေ္ဒသိက္ခာရှိရင်
ကိုယ့်ပတ်ဝန်းကျင်လည်း

Thursday, 26 December 2013

ကိုယ့်လက်ထဲ ရှိစဉ်ခဏ တန်ဖိုးထားတတ်ပါစေ



- အချို့အရာတွေက ခက်ခက်ခဲခဲရမှ တန်ဖိုးရှိတာ၊
တန်ဖိုးထား တတ်ရမှာ မဟုတ် ပါဘူး။ လွယ်လွယ်
ကူကူနဲ့ ရတဲ့အရာတွေလည်း တန်ဖိုးရှိပါတယ်။

- ဘယ်အရာမဆိုသူ့ တန်ဖိုး၊ သူ့ ဂုဏ်ဒြပ်ဆိုတာ ရှိ
ပါတယ်။ တန်ဖိုးထားတတ်တဲ့ သူ၊ တန်ဖိုးသိတဲ့ သူ
ရဲ့ အပေါ်မှာ မူတည်ပြီးတန်ဖိုးရဲ့ အနိမ့်အမြင့် ကွဲ
သွားတယ်။

- တစ်ခါတစ်ရံတော့ ကိုယ်က အသုံး မချတတ်လို့
တန်ဖိုး မရှိဘူးလို့ ထင်ရတဲ့ အရာတွေကို အသုံးချ
တတ်တဲ့သူက အကျိုးရှိရှိအသုံးချလိုက်တဲ့အခါမှာ

Tuesday, 24 December 2013

ကိုယ်တိုင်အမှား ကင်းပြီလား


- လောကမှာ ပြုပြင်လို့ ရတဲ့အမှားရှိသလို ပြုပြင်ပြောင်းလဲလို့
မရနိုင်တဲ့ အမှားလည်း ရှိ ပါတယ်။ လူတိုင်း အမှား ကင်းတယ်
ဆိုတာ မရှိသလောက်နည်းပါတယ်။ ရှားတယ်ပေါ့။ ကြီးလေး
တဲ့ အမှားနဲ့ သေးငယ်တဲ့ အမှားပဲ ကွာသွားတယ်။

- တစ်ခါ မှားခဲ့ ဘူးတဲ့ အမှားကြီးကို ထပ်ခါထပ်ခါ ထောက်ပြ
အပြစ်တွေပြောနေတော့ကော သူ့အပြစ်ကြီးက ပျောက်သွား
ရိုးလား။ မပျောက် နိုင်ပါဘူး။ အနာဟောင်း ကို တုတ်နဲ့ သွား
သွားစွသလို ပိုနာကျင်လာတယ်။ ခံစားလာရတာပဲ ရှိပါတယ်။

- တစ်ခါတစ်လေတော့ စေတနာနဲ့ ပြောတာပါလို့ ပြောပြောပြီး
သူတစ်ပါးရဲ့ အမှားကို ပြစ်ပြစ် နစ်နစ်ဝေဖန် ပုတ်ခတ်လေ့ရှိ
ကြတယ်။ ဒါဟာ ကိုယ့်စိတ်ထားမမှန်တာကို ဖော်ပြတာပါပဲ။

- အပြောခံရတဲ့ သူအနေနဲ့လည်း ပတ် ၀န်းကျင်ရဲ့ ဝေဖန်ပုတ်
ခတ်မှု၊ နားလည် မပေးနိုင်မှုကြောင့် ခံစားရတာတွေ များလာ