Tuesday, 24 June 2014

ရချင်ရင် ပေးပါ



မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် ရလာတဲ့ အခါမှာလည်း ကိုယ်ပေးလိုက်တဲ့ အရာနဲ့တန်အောင်တော့ ပြန်ရကြတာပဲ ဖြစ်ပါတယ်။ ဒီပေးခြင်းဟာ ပစ္စည်း ဥစ္စာပေးခြင်းမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထု အသွင်အပြင် အနေအထား အားလုံးနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်က အပြုံးလိုချင်ရင် ကိုယ်ကအရင် ပြုံးပြရမှာဖြစ်သလို ကိုယ်က အကောင်းကြားချင်ရင်လည်း ကိုယ်ကအရင် အကောင်းပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင်

Monday, 16 June 2014

စောင့်လေမျိုးနွယ်


ရှေးတုန်းက ပညာရေးက ဘုန်းတော်ကြီးကျောင်းသင်စနစ်ဆိုတော့ ယဉ်ကျေးလိမ်မာဖို့အတွက်
စိတ်ချရပြီးသားပဲ။
ဘုန်းကြီးကျောင်းထွက်ဆိုရင် လောကကြီးမှာ အဆင်ပြေပြေနဲ့ ပြောဆိုဆက်ဆံတတ်ပြီးသားပါ။
အခုခေတ်တော့ အဲ့ဒီလိုချေချေငံငံ ပြေပြေပြစ်ပြစ် မလုပ်တတ်ကြဘူး။ လောကီပညာတွေဘွဲ့ ရအောင်
တတ်ပေမယ့် လူမှူဆက်ဆံရေးပညာ သိပ်ညံ့နေတယ်။ ဒါကြောင့်လည်းလောကကြီးပွားတိုးတက်ရေးမှာ
အောင်မြင်သင့်သလောက်မအောင်မြင်ကြတာပဲ။

" တို့မြေဌါနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှာ၊ ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာကို ရပ်ရွာလူများ ၊လွန်လေးစားခဲ့။
              ခုကာလ၀ယ်၊ နုနယ်ပွားစီး၊ သားသမီးတို့ ၊ဘုန်းကြီးကျောင်းတွင်၊စာမသင်ခဲ့ ၊ မိခင်မြန်မာ၊
တို့မွေစာကို၊များစွာလေးစား၊မသင်ကြားပဲ၊ တခြားရပ်ဝေး၊စာမထွေးကို အလေးတမူ၊အရေးယူ၍၊
ကြည်ဖြူခဲ့ရာ၊နှစ်ပေါင်းကြာသော်၊မြန်မာပြည်သား၊တိုင်းရင်းဖွားတို့ ၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊
စွန့်လိမ့်မှန်စွာ၊မြတ်သံဃာသည်၊ ရှောင်ခွာ သာသနာ ကွယ်ကြောင်းတည်း။"

ဆိုတဲ့ ကဗျာလေးထဲကအတိုင်း တန်ဖိုးမထားတတ်တော့ဘူး။ အမျိုးဂုဏ်၊ဘာသာ၊သာသနာရဲ့ ဂုဏ်ကို
လည်း ထိန်းသိမ်း စောင့်ရှောက်ရကောင်းမှန်း မသိကြတော့ဘူး။ဘာသာ သာသနာကို မလေးစားရင်
မြန်မာ့ယဉ်ကျေးမှူအမွေအနှစ် ကိုယ်ကျင့်တရားဆိုတာလည်း တဖြေးဖြေး ပျောက်ကွယ်သွားမှာပဲ။
မြန်မာ့ယဉ်ကျေးမှူ ဆိုတာက ဗုဒ္ဓမြတ်စွာသာသနာတော်မှာ အခြေခံထားရတာမို့  ဘာသာ သာသနာ
လေးစားမှူ လျှော့နည်းလေ ယဉ်ကျေးတဲ့ ကိုယ်ကျင့်တရား မှေးမှိန်လေဖြစ်ပြီး လောကကြီးထဲမှာ
နေရထိုင်ရတာ ကြောက်စရာကောင်းလာတော့မယ်။

"ပေးဝေနှီးရင်း" ဆိုတဲ့ မိဘ၀တ္တရားကိုလည်း ကျေပွန်ရမယ်။ သားသမီးတွေကြီးပြင်းလို့  သူ့ လက်သူ့ခြေ
ရပ်တည်နိုင်ပြီဆိုရင် ဥစ္စာရင်းနှီး ထုတ်ပေးရမယ်။ ပညာ အရင်းအနှီးလည်း အရင်းအနှီးပါပဲ။ ထိမ်းမြားခြင်း

Tuesday, 10 June 2014

နွားကျောင်းသားလေးရဲ့ ချစ်ခြင်း



ပုံပြင်လေး ကတော့ ဒီလိုပါ။ အလွန်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက် ရှိပါတယ်။ ထိုသူဌေးကြီးမှာ အလွန်မတန်မှ ချောမောလှပတဲ့ သမီးတော်လေး နှစ်ပါးရှိပါတယ်။ ထိုသမီးတော်လေး နှစ်ပါးဟာ မျက်ရေ ကျလိုက်တာနဲ့ ထိုမျက်ရေတွေနဲ့ အတူ ရွှေတွေ ပါလာပါတယ်။
ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အခါမှာ သမီးတော်လေး တစ်ပါးဟာ ချမ်းသာတဲ့ သူဌေးသားလေးနဲ့ အိမ်ထောင်ပြုသွားပြီး နောက်သမီးတော်လေး တစ်ပါးကတော့ အလွန်ပင် ဆင်းရဲတဲ့ နွားကျောင်းသားလေးနဲ့ အိမ်ထောင်ပြုသွားပါတယ်။ ဒီလိုနဲ့ နှစ်တွေအတော်ကြာတော့ သူဌေးကြီးဟာ သမီးတော်လေး နှစ်ပါးကို တွေ့ချင်လွန်းတာနဲ့ ခေါ်ခိုင်းလိုက်ပါတယ်။
မကြာမီမှာပဲ သမီးတော်လေး နှစ်ယောက် လုံး သူဌေးကြီးထံ ရောက်ရှိလာ ပါတော့တယ်။ သူဌေးသားလေးနဲ့ လက်ထပ်လိုက်တဲ့ သမီးတော်လေးကတော့ ရွှေတွေ အပြည့်နဲ့ ချမ်းသာကြွယ်ဝနေ ပါတယ်။ ထိုအခါ

ရိုးသားခြင်းဆိုတာ ဂုဏ်တစ်ခုပါ




တစ်ချို့က “ရိုးလွန်းရင် အ တယ်”လို့
ပြောတတ်ကြပါတယ်။မအ ပါဘူး။
ရိုးသားခြင်းဆိုတာ ”ဂုဏ်” တစ်ခုပါပဲ။

အမှန်တော့ မရိုးမသား လည်တဲ့သူကသာ
တကယ်အ တာပါ။ တစ်ချို့ ရိုးသားမှုမရှိ
ကိုယ့်ကိုကိုယ် အဟုတ်ထင်ပြီး လုပ်ချင်သလို
လုပ်ကာ အများအမြင်မှာ လည်တယ်လို့
ထင်ခံနေကြရတဲ့ သူတွေဟာ
ကိုယ့်လုပ်ရပ်နဲ့ကိုယ် ဝဋ်ပြန်လည်တာ၊
သံသရာပြန်လည်တာ စတာတွေ ဖြစ်လာပြီး
ရိုးဂုဏ်ပျောက်ကာ တန်ဘိုးဂုဏ်မှောက်
ကုန်ကြတော့တာ ဖြစ်ပါတယ်။
မရိုးမသား လည်လွန်းအားကြီးတဲ့
သူတွေကသာ တကယ့် “လူအ”တွေပါ။

ရိုးသားမှု ရှိနေတဲ့သူအတွက်ကတော့
အများအမြင်မှာ ဘယ်လိုပဲ အ တယ်
ထင်ထင် သူ့အသွင်နဲ့သူ၊ သူ့ယုံကြည်မှုနဲ့သူ၊
သူ့ဂုဏ်နဲ့သူ ရှိနေပြီးသား ဖြစ်တဲ့အတွက်
မဟုတ်တာလည်းမလုပ်၊ ရှိတာလေးနဲ့
ရိုးကုတ်ပြီး အဖိုးအထုပ် အပြည့်နဲ့
အကျင့်တရားကို အခြေခံ အဖြေမှန်အောင်
ကြိုးစားပြီး ဝဋ်လည်မယ့်အလုပ်၊
သံသရာလည်မယ့် အလုပ်တွေကို
မလုပ်ဖြစ်တော့ပါဘူး။

အဲဒီလို ဝဋ်တွေ၊ သံသရာတွေကို
မလည်စေချင်လို့ ရိုးသားမှုနဲ့ ဘဝကို
တည်ဆောက်ထားတဲ့ သူတွေမှသာ

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း



သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

ဟောဒီမှာ နည်းလမ်း(၁၀)ခု-


၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ

ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့

ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက်

ငါမအားသေးဘူးလေနော်



လာချင်ရင်လည်း လာပေါ့
တားပိုင်ခွင့်မှ မရှိတာ
ထွက်သွားလည်း မတားပါဘူး
ငါ့ကိုယ်ငါတောင်မှ မပိုင်တာလေ။

အယူအဆချင်း တူဖို့လဲ မဆွဲဆောင်ပါဘူး
စိတ်ဓါတ်ချင်းတူဖို့လည်း ညှိမယူပါဘူး
ငါ့ကိုယ်ငါတောင် သင်ယူနေရတုန်းဆိုတော့။

မင်းမုန်းမှာလည်း မပူသလို
မင်းမေတ္တာကိုလည်း မတောင့်တပါဘူး
အေးအောင် နေတက်ဖို့ကျင့်နေရတာနဲ့တင်
ငါမအားသေးလို့ပါ

သံယောဇဉ် မရှိမဟုတ်ပါ သို့သော်
ကင်းအောင်နေတက်ဖို့ကို ငါ့ကိုယ်ငါလည်း
သင်နေသလို
ငါ့အနီးစပ်ဆုံးတွေကိုလည်း
စွမ်းသမျှသင်ပေးတယ်။

ဒေါသ ဟုတ်လား
ဒါတင်မကသေးဘူး လောဘနဲ့ မောဟလည်း
ရှိသေးတယ်။

နောက်ပြီး
ငါမကျွမ်းကျင်တဲ့ ဟန်ဆောင်မှု့ကို
သဘောမကျလို့

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါလိမ့်မယ်





ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဆော့ကစားနေကြတယ်။
ကောင်လေးက ကျောက်ခဲလှလှလေးတွေ အများကြီးကောက်ပြီး စုထားတယ်။
ကောင်မလေးမှာ ချိုချဉ်တွေအများကြီးရှိတယ်။

ကောင်လေးက သူ့ကျောက်ခဲတွေနဲ့ ကောင်မလေးဆီကချိုချဉ်နဲ့ လဲမယ်ဆိုတော့ ကောင်မလေးက သဘောတူတယ်။
ကောင်လေးက အလှဆုံး၊ အကြီးဆုံးကျောက်ခဲတွေကို ဖွက်ထားလိုက်ပြီး ကျန်တဲ့ကျောက်ခဲတွေနဲ့ လဲလိုက်တယ်။
ကောင်မလေးကတော့ ပြောထားတဲ့အတိုင်း ချိုချဉ်အကုန်လုံး ကောင်လေးကိုပေးလိုက်တယ်။

အဲဒီညမှာ ကောင်မလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတယ်။
ကောင်လေးက အိပ်မပျော်ဘူး.. သူ့စိတ်ထဲမှာ ကောင်မလေးလည်း သူ့လိုပဲ ချိုချဉ်တချို့ဖွက်ထားမယ်ထင်တယ်လို့ တွေးနေခဲ့တယ်။

တကယ်လို့ သင်ဟာ ရာခိုင်နှုန်းအပြည့်မပေးနိုင်တဲ့အခါ တခြားလူကိုလည်း ရာခိုင်နှုန်းအပြည့်မပေးနိုင်ဘူးလို့ သံသယရှိတတ်တယ်။

ဘဝမှာ အရာဝတ္ထု၊ လူပုဂ္ဂိုလ်တော်တော်များများဟာ အပေါ်ကပုံပြင်လေးအတိုင်း ဖြစ်ပျက်နေကြပါတယ်။ သံသယဝင်၊ ခန့်မှန်းတာဟာ သံယောဇဉ်ကိုပျက်စေမှန်းသိပေမယ့် သံသယဝင်ဆဲ၊ ခန့်မှန်းဆဲဖြစ်တယ်။

"သံသယ"ဆိုတာ သူတစ်ပါးကိုမယုံကြည်၊ ကိုယ့်ကိုယ်ကို မယုံကြည်တာဖြစ်တယ်။ အချင်းချင်း ပျက်စီးစေတဲ့၊ အချင်းချင်းသံယောဇဉ်ကို ပြစ်မှားစေတဲ့ "အတွင်းစိတ်ဖုတ်တစ်မျိုး" ဖြစ်တယ်။ လောကမှာ

အမြင့်ဆုံးထိအရောက်သွားနိုင်ပါတယ်


လူ့ဘဝမှာ လျှောက်ရမယ့်ခရီးလမ်းက ရှည်လျားလွန်းတယ်
အဲဒီခရီးလမ်းမှာ တစ်ခါခါ ငါတို့ လမ်းမှားကြတယ်၊ ငါတို့ မောပန်းကြတယ်၊
ငါတို့ ပြေးလွှားကြတယ်၊ တစ်ခါတလေမှာတော့ ငါတို့ ရပ်နားကြတယ်
ဒါတွေက ဘာမှမဟုတ်သေးပါဘူး...

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်...
"လမ်းဆိုတာ နဂိုကတည်းကရှိနေတာ မဟုတ်ပါဘူး.. လမ်းဆိုတာ လူလျှောက်လို့ဖြစ်လာရတာပါ။
နှေးနှေးပဲလျှောက်လျှောက်၊ မြန်မြန်ပဲလျှောက်လျှောက်၊ တယိမ်းတယိုင်ပဲလျှောက်လျှောက်၊ ရှေ့ကို ကြိုးစားပြီးလျှောက်ရင် ထူးခြားလှပတဲ့ရှုခင်းတော့

Friday, 30 May 2014

ကာမေသုမိစ္ဆာစာရကံ ရဲ့ အပြစ်ဒဏ်


ခုခေတ်လူတော်တော် များများ ဟာ အမှောင်တကာ အမှောင်ဆုံး ဆိုတဲ့ လမ်းကို လွဲ မှားစွာ လိုက်နေသူတွေ အရမ်းများနေပါတယ် အဲဒီ အမှားဟာ ဘယ်လောက်တောင်ဆိုးလဲ ဆိုတာ ကို သိစေချင်လို့ ဆရာ သုတေသီ ဘုန်းမြင့် သွေး ရေးသားတဲ့ စာလေးကို တဆင့် မျှဝေပေးလိုက်ပါတယ်
သူများ ခင်ပွန်း လင် သူများ မယား ပြစ်မှား ကျူးလွန်ရင် အပြစ်ဒဏ် (၁၄) ချက်ကို ခံ ရမှာ မလွဲ ပါဘူး
သူများခင်ပွန် သူများမယား ကို ခိုးယူပေါင်းသင်းတာဟာ လောကမှာ ရှက်စရာ အကောင်းဆုံးနဲ့ အကျည်းတန်ဆုံးပါပတ် ၀န်းကျင်ကလဲ မတက်သာလို့သာ လက်ခံ စကားပြောကြလဲ မနှစ်မြို့ ကြပါဘူး ဒီလို လူတွေဟာ အပြစ်ဒဏ်ကို သေချာ ပြန်ခံ ကြရပါတယ်

ရန်သူနဲ့ တွေ့ ရတာ

လူအများမုန်းတီးတာ

စား ၀တ် အိမ်ယာ ခက်ခဲ တာ

အမြတ်ဒေါသကြီးတာ

သူတပါး ယုံကြည်မူ့ ကင်းမဲ့တာ

လော ကုတ္တရာ တရား မရရှိနိုင်တာ

စည်းစိမ်ဥစ္စာ ပျက်စီးတာ

ဆင်းရဲ ကြီးစွာ လုပ်/ရတာ

အသက်တိုတာ

၁၀ ချစ်သူနဲ့ ကွေကင်းရတာ

၁၁ တွေဝေတတ်တာ

၁၂ ယုံ မှားသံ သယများတာ

၁၃ ဘေးအန္တရာယ် များတာ

၁၄ အပယ် လေးဘုံမှာ ဖြစ်ရတာ

( ယောက်ျားဆိုရင်တော့ သူများမယားကို ခိုးယူတဲ့အတွက် မိန်းမ မဟုတ် ယောက်ျားမဟုတ် ဘ၀ကို ရတာ တခုပိုပါတယ်)

ဒါကြောင့် မိမိ ခင်ပွန်း မိမိ မယားမှ လွဲ ၍ သူတပါးမယား သူတပါး ခင်ပွန်း ကို စိတ်နဲ့ တောင် မပြစ်မှားဘဲ ကာမေသု ကံ ကို လုံခြူံစွာ
တသက်တာလုံးထိမ်းသိမ်းပြီး ဘ၀မှာ မိသားစုများနဲ့ ပျော်ရွှင် ချမ်းမြေ့စွာ အဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ပြီး စိတ်ချမ်းသာစွာဖြင့်
အပြစ်ကင်းလွတ်တဲ့ မိသားစု ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့
အဲ တချိုယောက်ျားတွေရှိပါသေးတယ် အပျော်ရှာတာပေါ့နော် ဘာလဲ ဆိုတော့ ပိုက်ဆံ ပေး ပျော်ပါးတာပါ ဒါဟာလဲ အပြစ်ကြီးပါတယ် သူတို့ကပိုက်ဆံ ယူတာဘဲ ငါတို့ကလဲ ပိုက်ဆံပေးတာဘဲ ပေါ့ မှားပါတယ် မိန်းမဆိုရင် သူများမယားမှ မဟုတ်ပါဘူး မိဘ အုပ်ထိမ်းသူ လက်က မလွတ်သေးတာလဲ ကျူးလွန်မူ့ အပြစ်က တော့ အတူတူ ခံရမှာပါဘဲ
နောင်များ ကြုံတော့ ဒု ၊ သ၊ န၊ သော ဆိုတဲ့ သူဌေးသားလေးယောက်အကြောင်းကို တင်ပြပေးပါ့မယ်
သူတို့ ခမျှာ အဲလို ငွေပေး ပျော်ပါးခဲ့လို့ ခုချိန်ထိ ( လောဟကုမ္ဘီငရဲ ) လို့ခေါ်တဲ့ သံရည်ပူ ငရဲ ကနေ မလွတ်သေးပါဘူး
အဲ ငရဲ က အောက်ခြေ ကနေ အနှစ်

အမျက်ပါ အမုန်းသုံးရင် တစ်သက်စာ ဆုံးရှုံးမယ်



ဒေါသကြီးတဲ့သူ
ဒေါသကို ကိုယ်အမူအရာ
နှုတ်အမူအရာနဲ့
ထင်ရှားပြတတ်သူကို
ဘယ်သူကမှ
တရင်းတနှီး
မပတ်သက်ချင်ကြပါဘူး။

မလွှဲသာလို့
ပတ်သက်ရတောင်မှ
အလုပ်သဘောအရ
အပေါ်ယံပဲ ဖြစ်ပါလိမ့်မယ်။

အတွင်းက မေတ္တာစိတ်
အပြည့်အဝ ပါလာမှာ
မဟုတ်ပါဘူး။

ကိုယ့်အပေါ်ထားရှိတဲ့
ပတ်ဝန်းကျင်ရဲ့
မေတ္တာတရားကို
ဆုံးရှုံးစေတာ ဒေါသပါ။

ကိုယ့်ကို ကူညီစောင့်ရှောက်
နေသူတွေရဲ့ ကမ်းလက်ကို