Wednesday, 21 March 2012

သူငယ်ချင်း မှုံနံ.သာဖြူ ရဲ့လူ တယောက် ရဲ့ အဆင့်အတန်းကို ဘာနဲ့ တိုင်းတာကြတာလဲး

၂၅ ကျော်လာပြီ ဆိုတော့ …လူကြီး ဖြစ်ပြီလို့ လဲ ပြော လို့ ၇သလို ။ ခု အချိန်ထိ စိတ်ပူ တတ်တဲ့ မိဘ လက်အောက်မှ နေ၇ တုန်းမို့ အပြင်ပန်း ဗဟုသုတတော့ နည်းပါတယ် ။ ဒါပေမဲ့ သွားခဲ့ ဘူးတဲ့ ခ၇ီး စဉ်လေး တွေကို အခြေ ခံ ပြီး မှုံ သိခဲ့ ၊ မြင်ခဲ့တဲ့ လူ့ အဆင့်အတန်း ကွာ ခြားချက်လေးကို ပြောပြချင်ပါတယ် ။ မှန်လား မှားလားတော့ ဝေဖန်ပေးကြပါနော် ။
မှုံ က တော မကျ မြို့ မကျ မြို့လေး တမြို့မှာ မွေးဖွားခဲ့ပါတယ် ။ ကလေးဘ၀ တုန်းက ဆို ရန်ကုန် မှာ အရမ်းနေချင်ခဲ့ပါတယ် ။ ရန်ကုန်သွားရ ရင် အသစ် အဆန်းတွေ မြင်ရ ၊ စားရ နဲ့ အရမ်းကို ပျော် ခဲ့ပါတယ် ။
ကလေးဘ၀ ရဲ့ စိတ်ကူးရင် အိမ်မက်တွေဟာ မြို့ပေါ်က လူတန်းစား တွေကို အားကျ အထင်ကြီး ခဲ့ပါတယ် ။
ဒီလို နဲ့ အသက်အရွယ်လေး ရလာတော့ ….

လူ တွေ ၇ဲ့ သဘော သဘာဝ တွေ ကို နည်းနည်းလေး လောက်တော့ တီး ခေါက် ကြည့်နိုင် ခဲ့ပြီ ထင်ပါရဲ့ ။
အကြောင်းအမျိုးမျိုး ကြောင့် ရန်ကုန် အပါအ၀င် မြို့ကြီး တွေကို ရောက်ခဲ့ပါတယ် ။ မြို့ပြလူနေမူ စနစ်ကို လေ့လာခဲ့ရပါတယ် ။
မြို့ပေါ်မှာ နေသူများဟာ ငွေကြေးတတ်နိုင်သူများ ဖြစ်ကြတဲ့ အတွက် ကိုယ့် အိမ်ကို တံခါးပိတ် မသိသလို နေတတ်ကြပါတယ် ။ မှုံတို့ မြို့လေးတွေ မှာဆို လူ အသစ်ပြောင်းလာ လျှင် မိတ်ဖွဲ့ ကြ ၊ မုန့် လုပ်စားရင် တအိမ်နဲ့ တအိမ် ပို့ ကြနဲ့ အရမ်းကို ရင်းနှီးကြတာပါ ။ စေတနာ ဆိုတာ အသွားအပြန် ရှိတယ်လေ ..ဒါမှ ကျန်းမာရေး ၊ သာရေး ၊ နာရေး ..တွေမှာ အချင်းချင်း ကူညီ ရိုင်းပင်းတတ်ကြတာပေါ့ ။
လူဆိုတာ တစ်ဦးတယောက် ထဲ နေလို့ မရတဲ့ အခါတွေ ရှိပါတယ် ။ ဥပမာ ကျန်းမာရေးပေါ့ ။ ပါတ်ဝန်းကျင်ကောင်းမူ ကြောင့် အဆင်ပြေသွားတာတွေ အများကြီးပါ ။
ခုလို မသိသလို နေကြတဲ့အခါ …၀င်ဓါးပြ တိုက်နေလဲ မသိသလို ပါပဲ ။ အိမ် ထဲမှာ မူးလဲ နေရင်လဲ
ဘယ်သူမှ မသိလိုက်ရ ပဲ အသက်ပါ ဆုံးရှုံး သွားနိုင်တာပေါ့ ။
အလှူ အတန်း လုပ်ရင် လာစားတဲ့လူ နည်းလှပါတယ် ။
မှုံ တို့  တော မှာဆိုရင် အလှူဆို ၀ိုင်းကူုမဲ့လူ တွေ လဲ အများကြီး နဲ့ လာစားတဲ့ လူတွေက အုပ်အုပ် ကျက်ကျက်ပါပဲ ။ အလွန် ပီတိ ဖြစ်ဖို့ ကောင်းပါတယ် ။
ခု နောက်ပိုင်းဆိုရင် ရန်ကုန်ကလူတွေ အလှူ လုပ်ချင်ရင် ရွာတွေ ကို လာ လုပ်ကြရပါတယ် ။
အေးချမ်းတဲ့ တောဓလေ့က ဖြူစင်မူ အတိနဲ့ပါ ။
မြို့ပေါ်မှာ လူစည်ကားသော အလှူက ။ အလှူ မမည်သော ပါတီပွဲများသာ ပါ ။ ယှဉ်ပြိုင်မူတွေ နဲ့ မာန်မာန တွေ ဖုံးလွှမ်းနေတာမို့ ပိုက်ဆံသာ ကုန်၍ အကုသိုလ် သာ တိုးတက်လာမှ အသေအချာပါပဲ ။ အဆင့်အတန်းမြှင့်တဲ့ ..မြို့ပြလူနေမူ စနစ်ဆိုတာ ဒါလားလို့ ..စဉ်းစား စ ပြု လာရပါပြီ ။
ရှေးရှေးက …ကြီးသူကို ရိုသေ ရတာဟာ ကျမ တို့၇ဲ့ ယဉ်ကျေးမူ တရပ်ပါ ။ ခုတော့ ….တောရော မြို့ပါမကျန် ပြောင်းလဲ လာရတဲ့ ယဉ်ကျေးမူက တော့ ..ငွေ ရှိသူကို ရိုသေ လို့ ပြောရမလို ပါပဲ ။ မှုံ တို့ အိမ် တ အိမ်ကျော်မှာ သူဌေး တွေ အိမ် ၇ှိပါတယ် ။ သူ တိုမှာ သားယောင်္ကျားလေး (၃) ယောက် ရှိပါတယ် ။ ချမ်းသာ သူတွေ ဆိုတော့ ..အလုပ် သမားတွေ အများကြီးပေါ့ ။ အိမ်က အလုပ် သမားတွေက အဲ့ဒီ ကလေး သုံးယောက်ကိုပါ ကြောက် နေ၇ပါတယ် ။ ကိုယ့် အဖေ၊အမေ အရွယ် လူကြီးတွေကို ..ကလေး တွေက နင်၊မဲ ငစ ပြောဆိုနေတာတွေ လက်တွေ မြင်နေရတော့ ..မှုံ ရင်ထဲ မချိပါဘူး ။ ယဉ်ကျေးမူ ဆိုတာ လုံးဝ ပျောက်ဆုံးနေပါပြီ ။ သူ့တို မိဘ တွေက လဲ မြင်ရဲ့သားနဲ့ ကြည့်နေကြပါတယ် ။ တချိန် သူတိုပဲ အုပ်ချုပ်ရမှာမို့ …ထက်မြက်လာမဲ့ သဘော မို့ ကြည့်နေတာတဲ့ ။ မာန် လိုက် ရင် ..ကလေးက ကြောက် စိတ် ၀င်သွားမှာ စိုးလို့ တဲ့ ။ ဒါဆို …လူ့ အဆင့်အတန်းဆိုတာ ..ပိုက်ဆံ လားလို့ တောင် မေးရ မလို ဖြစ်နေပါ ပြီ ။ရှေးလူကြီးတွေ ဆုံးမ ခဲ့တဲ့ လူ ဆိုတာ အဆင့်အတန်းရှိအောင်နေရတယ် ။ အဆင့်အတန်းဆိုတာ လူ့ ရဲ့ တန်ဖို့ ပဲ တဲ့ ။ မှုံ တို …မှတ်သားခဲ့ရတဲ့ …ေ၇ှးစကားလေးပါ ။ လူ့ အဆင့်အတန်းဆိုတာ လူ ပေါ်မှာပဲ မူတည်တယ် တဲ့ ။ ချမ်းသာ တာ ၊ ဆင်းရဲ တာနဲ့ မဆိုင်ဘူးတဲ့ ။ ချမ်းသာတဲ့ လူ တိုင်း အဆင့်အတန်း မရှိနိုင်သလို ၊ ဆင်းရဲ တဲ့သူတွေ မှာလဲ အဆင့်အတန်း ရှိသူတွေ အများကြီး တဲ့ ။ ခေတ် ကာလ ပဲ ပြောင်းလွဲ သွားတာလား ။ မှုံ ပဲ အမြင်စောင်းသွားတာ လားတော့ မသိပါဘူး ။ လူ့ အဆင့် အတန်း ကို ….ဘာနဲ့ တိုင်းတာ ကြမှာလဲ …။
ပိုက်ဆံ ရှိသူတွေ ဆို ..ဘာလုပလုပ် တင့်တယ်နေတတ်ကြပြီး ၊ ပိုက်ဆံက သူ့ရဲ့ အမှားတွေ အားလုံးကို ဖုံး အုပ်နိုင်စွမ်း ရှိနေပါတယ် ။ ငွေ ကြေး အင်အားနည်းသူတွေက လဲ ကိုယ့် အဆင်ပြေရေးအတွက် ငြိမ်ကြည့် နေကြရ တဲ့ အချိန် ဖြစ်နေပါပြီ ။ေ၇ှးမြန်မာ့ ယဉ်ကျေးမူဖြစ်တဲ့ကြီး သူကို ရိုသေ ၊ငယ် သူကို လေးစား ၊
စည်းကမ်း သည် လူ ၏ တန်ဖိုး ။စတဲ့ ပေတံတွေ နဲ့ တိုင်းတာ ခဲ့ ကြတဲ့ ကျမ တို့ ရဲ လူနေမူ အဆင့်အတန်းကြီးဟာ ပျောက် ကွယ် လု နီးနီး ဖြစ်နေခဲ့ပါပြီ ။
လူ့ အဆင့်အတန်း ကြီး မကွယ် ပျောက် အောင် ထိန်းသိမ်း ကြဖို့ ..လူ တယောက် ခြင်းစီ မှာ တာ ၀န် ၇ှိပါတယ် ။
ပျက် စီး နေကြ သူတွေ ထဲ ကို …ကိုယ် ပါ ရော မပါ သွား အောင် ..ကြိုးစား ရင်းဖြင့် ….
ကိုယ့် ရဲ့ ..အဆင့် အတန်း ကို …ထိန်း သိမ်း ကြပါစို့ နော် ။

သူငယ်ချင်း မှုံနံ.သာဖြူ (ရွှေမြိုတော်)

No comments:

Post a Comment