ရန်ကုန်မြို့ဗန္ဓုလ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း များဖြစ်သည့် ပါရမီနှင့် အဓိပတိအပြာတို့ တွင် ယခုလ ၁၅ ရက်နေ့မှ စတင်၍ ပထမဆုံး ကြိုးမဲ့စနစ်ဖြင့် ငွေပေးသွင်းနိုင် သည့် ipay စနစ်အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း၊ မထသ အောက်ရှိ ယာဉ်လိုင်းများကို တဖြည်း ဖြည်းဖြင့် အသုံးပြုသွားနိုင်ရန် လုပ်ဆောင်သွား ရန် အစီအစဉ်ရှိကြောင်း၊ ရထား၊ တက္ကစီ၊ သင်္ဘောများတွင်လည်း ipay စနစ်ကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း Kispa Nadi Express Limited မှ သိရသည်။လိုင်းကားများ စီးသည့်အခါတွင် အကြွေပြဿနာ အဖြစ်များပြီး တစ်ခါ တစ်ရံတွင် ယာဉ်နောက်လိုက်နှင့် ခရီးသည် အချင်းများသည့် အခြေအနေ များပင် ဖြစ်တတ်ကြောင်း၊ ယခုလို ကတ်ကို ပြုလုပ်လိုက်သည့်အတွက် အကြွေမရှိသည့် ပြဿနာများလည်း ရှိတော့မည် မဟုတ်ကြောင်း မိမိစီးမည့်ခရီးစဉ်အတွက် ကျသင့် သည့်ငွေကို
ကတ်ထဲမှ ဖြတ်သွားမည် ဖြစ်ကာ ငွေပေးချေမှုမှာ သုည ဒသမ ၁ စက္ကန့်မျှသာ ကြာသည့် အတွက် အချိန်နှောင့်နှေးကြန့်ကြာခြင်း မရှိနိုင်ဘဲ ခရီးသည်များ ပိုမိုအဆင်ပြေသွားနိုင် မည်ဟုထင်ကြောင်း ၎င်းက ပြောသည်။ယင်း ipay ကတ်တစ်ကတ်ကို ကျပ် သုံးရာဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ကတ်အတွင်းသို့ အနည်းဆုံး ကျပ် ၇၀၀ ထည့်သွင်းမှ သာလျှင် ကတ်သုံးစွဲ၍ ရနိုင်မည်ဖြစ်ကာ ကတ်လက်ကျန်ငွေ ကျပ် ၁၀၀ အောက်ဖြစ်ပါက ကတ်သုံးစွဲ ၍ မရနိုင်တော့ကြောင်း သိရသည်။ငွေပြန်လည်ဖြည့်တင်းရန်အတွက် ကားပေါ်ရှိ ယာဉ်နောက်လိုက်ထံတွင်၊ သို့မဟုတ် နီးစပ်ရာ ipay Station များ တွင် ကျပ် ၇၀၀ မှ စတင်ပြီး တစ်ကြိမ်လျှင် ကျပ် ၁,၀၀၀၊ ကျပ် ၂,၀၀၀ စသည်ဖြင့် အများဆုံး ကျပ် ၅,၀၀၀ အထိ ငွေပမာဏ ကို ကတ်အတွင်းသို့ ထည့်သွင်းနိုင်မည် ဖြစ်ကာ စုစုပေါင်း ကျပ်တစ်သိန်းထက် ပိုထည့်၍ မရနိုင်သလို ကတ်တစ်ခုလျှင် သုံးစွဲသူတစ်ဦးထက် ပို၍ သုံးစွဲခွင့်မရ ကြောင်း၊ မိမိသုံးစွဲသည့် ကတ်ကို အခြား သူတစ်ဦးအတွက် ယာဉ်စီးခပေးချေနိုင် ခွင့် မရှိကြောင်း သိရသည်။ကတ်သုံးစွဲသူ၏ လုံခြုံရေးအတွက် ငွေကျပ်ငါးထောင်နှင့် အထက်ကို ကတ် ဖြင့် ငွေပေးချေရာတွင် လျှို့ဝှက်နံပါတ် မလိုအပ် သော်လည်း လုံခြုံရေးအရ တစ်ခါတစ်ရံတွင် အသုံးပြုမည်ဖြစ်သည်။ကတ်ပိုင်ရှင်သည် ကတ်ကို ထုတ်ယူပြီး နောက်ဆုံးသုံးစွဲသည့်နေ့မှ စတင်ပြီး သုံးလအထိအသုံး မပြုပဲထား ရှိခဲ့လျှင် locked ဖြစ်ပြီး သုံးစွဲ၍မရနိုင် တော့ကြောင်းနှင့် ကုမ္ပဏီမှ ကတ်ပိုင်ရှင် ဖြစ်ကြောင်း စစ်ဆေးအတည်ပြုပြီး သည့် ကတ်ဖြစ်လျှင် ကတ်ပိုင်ရှင်သည် နီးစပ်ရာ ipay center တွင် ယင်းကတ် ကို ပြန်လည်သုံးစွဲနိုင်ရန်အတွက် unlocked ပြုလုပ်ရမည်ဖြစ်သည်။အဆိုပါ ipay ကတ်အသုံးပြုမည့် စက်၏ ဆော့ဖ်ဝဲကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းရေးဆွဲထားခြင်းဖြစ် ကြောင်း သိရသည်။
သတင်းလာဖတ်သွားပါတယ်..
ReplyDelete