မွှေးရနံ့လေး သင်းပျံ့
ဖမ်းဆုပ်ကြည့်မိတယ်
လက်ထဲမှာလေ ဘာမှလဲမရှိ ။
ဘာ ခံစားချက်မှလဲ မသိခဲ့။
ကြည်လင်တဲ့ အရိပ်လေး
ဖမ်းဆုပ်ကြည့်မိတယ်
လက်ထဲမှာလေ ဘာမှလဲ မရှိ ။
ဘာခံစားချက်မှလဲ မသိခဲ့။
ချစ်သူရဲ့ အရိပ်လေး မှန်းဆကြည့်မိတယ်
ရင်ထဲမှာအပြည့်ရှိတယ်
ဘယ်တော့မှ မမေ့သေး
ဘယ်တော့မှလဲ မဝေးဘူး
အတွေးထူးထူးလေးတွေဖြစ်
နှောင်ဖွဲ့ရစ်ပတ်
ချစ်တတ်တဲ့ အချိန်က စ ခဲ့တာ
စိတ်ကူးဆန်းဆန်းလေးတွေက
လွမ်းရတဲ့ ညတွေမှာ
မခေါ်ပဲနဲ့ ရောက်လာ
နှင်ဖို့ ခက်ခဲလှပါတယ်။
အတွေးလဲထူး
စိတ်ကူးလဲဆန်း
မျှော်ရည်မှန်းဆ
တမ်းတတဲ့ညမှာ
ကျွန်တော်လေ
ကဗျာတွေ ရေး ဖြစ်ခဲ့တယ်
သူ့ကို... ချစ်နေတယ် ဆိုတဲ့အကြောင်း
ချစ်သူရေ
ကောင်းကောင်း မကောင်းကောင်း
ဖတ်ပေးပါ
ဒါဟာလေ
တကယ်လွမ်းနေတဲ့ ကဗျာလေးပါ
နော်..။
လွမ်းနေတဲ့ ကဗျာလေးကို လွမ်းလွမ်းလေးနဲ့ပဲ
ReplyDeleteလာရောက်ဖတ်နေမိတယ်
ကဲချစ်သူရေဖတ်ပေးလိုက်ပါနော်
ReplyDeleteလွမ်းနေတယ်တဲ့..:D
အားပေးခဲ့ပါတယ်..
အားပြေးတွားဒယ် ဗျို့ ..
ReplyDelete