ခံစားခွင့်ရမှာပါ။အလုပ်အမှုဆောင်အဖွဲ့အတွင်းမှာကိုယ်ကျိုးစီးပွားရှာတဲ့သူတွေမရှိအောင်အဖွဲ့ကို တောင့်တင်းအောင် အရင်ဆုံးစည်းမျဉ်းစည်းကမ်း တွေနဲ့ အခိုင်အမာလုပ်ဆောင်သွားမှာပါ။ "နောက်ပြီးဗီဒီယိုအဖွဲ့ နယ်သွားတဲ့ အခါမှာ တန်စိုးလက်ဆောင်ယူတာမျိုး၊မမှန်မကန်လုပ်တာမျိုးတွေကို ပြတ်ပြတ်သားသားအရေးယူသွားမှာပါ။ နောက်တစ်ချက်က အခုနောက်ပိုင်းမှာအရမ်းဆိုးဝါးလာတဲ့ခိုးကူးခွေတွေကိစ္စပါ။ခိုးကူးခွေ တွေကိုအမြန်ဆုံး နှိမ်နင်းသွားမယ်။ နောက်တစ်ချက်က
အနုပညာရှင် တွေအတတ်ပညာရှင်တွေရဲ့အရည်အသွေးပိုင်းမှာတိုးတက်လာအောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ပြည်တွင်းမှာ လာရောက်သင် ကြားပေးတာမျိုးတွေ လုပ်မယ်။ ရုပ်ရှင်ရဲ့ အခြေခံလုပ်သားတွေဖြစ်တဲ့ စက်မှုအခြေခံအဖွဲ့သားတွေ၊ဇာတ်ပို့ဇာတ်ရံ၊အမေများအဖွဲ့၊လူကြမ်းအဖွဲ့တွေရဲ့လူမှုဒုက္ခအ၀၀ကို ဖြေရှင်းပေးနိုင်အောင် လုပ်ဆောင်သွားပါမယ်"လို့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ အပြီးမှာပြောခဲ့ပါတယ်။
မြန်မာတိုင်းဂျာနယ် မှ
No comments:
Post a Comment