”ဧပြီ ၁ ရက်နေ့က စပြီးတော့ အကျုံးဝင်မယ်။ ကျပ် တစ်သိန်း ကနေ ကျပ် ငါးသိန်းအထိ လစာ ရရင် တစ်ရာခိုင်နှုန်းအခွန်ဆောင် ရမယ်။ ဒီ့ထက်ကျော်ရင် ရာခိုင်နှုန်း တက်ပြီး အခွန်ဆောင်သွားရမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ဧပြီလ ၁ ရက်နေ့မှ စတင် ပြောင်းလဲလိုက်သော ဝင်ငွေခွန် သတ်မှတ်မှုအရ ဖြစ်ပြီး တစ်ဦးချင်း ဝင်ငွေ တစ်သိန်းနှစ်သောင်းနှင့် စီး ပွားရေးလုပ်ငန်းများ တစ်လဝင်ငွေ ကျပ် တစ်သိန်းရရှိပါက အကျုံးဝင် မည်ဟု သိရသည်။ထိုသို့ အခွန်ကောက်ခံရာတွင် လည်း အိမ်ထောင်ရှိမှု၊ သားသမီး ရှိမှုများအပေါ် လိုက်ကာ အခွန် သက်သာမှုများရှိနိုင်မည်ဟု ၄င်းက ဆက်လက်ပြောသည်။ဝင်ငွေကျပ် တစ်သိန်း သုံး သောင်းရရှိသော
အိမ် ထောင်မရှိ သူတစ်ဦးအနေဖြင့် တစ်လ ဝင်ငွေခွန် ကျပ် ၁၈၇ဝ ပေးဆောင် ရတော့မည်ဖြစ်ပြီး၊ ၄င်းအပေါ် ကုမ္ပဏီဝန်ထမ်းအချို့က ”တစ်လ ကျပ်နှစ်ထောင်ဆိုတာက မများ ပါ ဘူး။ဒါပေမဲ့ ဒီနှစ်ထောင်နဲ့က အိမ် အသုံးစရိတ်တစ်ခုခုကာမိတတ်ပါတယ်။ဒါပေမဲ့ဒီငွေနဲ့တိုင်း ပြည်ဖွံ့ဖြိုးမှုကိုအထောက်အကူပြု ပေးနေရင်တော့
ကောင်းပါတယ်” ဟု သုံးသပ်စကားဆိုသည်။လမ်းမတော်မြို့နယ်မှ ဆန်စပါး လုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင် တစ်ဦးက ”အခုတလော ကြားရ သလောက် အခွန်တိုးကောက်ဖို့ တွေက များလာသလားလို့၊ အခြေ ခံလူတန်းစားတွေ အလုပ်လက်မဲ့ ဖြစ်နေတာကို အရင်ဖြေရှင်းပြီးမှ လုပ်ခလစာကို မူလထက်တိုးမြှင့်ရရှိ
သွားမှ ကောက်မယ်ဆို ပိုကောင်း မလားလို့တော့ ထင်မိပါတယ်”ဟု မှတ်ချက်ပြုသည် ။
ပေါ်ပြုလာ
No comments:
Post a Comment