Thursday, 5 April 2012

မြန်မာအပေါ် ပိတ်ဆို့မှုတချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်



ကြားဖြတ်ရွေးကောက်ပွဲအပါအ၀င် သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု တချို့ သမ္မတဦးသိန်းစိန် အစိုးရ ဘက်က ဆောင်ရွက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေကို တဖြည်းဖြည်း လျှော့ချသွားဖို့ အမေရိကန်ပြည်ထောင်စုက စတင် ပြင်ဆင် နေကြောင်း
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့က အထူးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ပါတယ်။
ဘဏ္ဍာရေးဝန်ဆောင်မှု နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကန့်အသတ်တွေ
လျှော့ပေါ့ပေးဖို့အပါအ၀င် သံတမန်ဆက်ဆံရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အပေါ် အကူအညီ အထောက်အပံ့တွေ ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။

No comments:

Post a Comment