သေးငယ်ပေါ့ပါးပြီး ပါးပါးလျားလျားပုံစံနဲ့ Ultrabook တွေ ပေါ်ပြူလာဖြစ်လာချိန်မှာ Dell ကလဲ XPS 13 ကို ထပ်မံထုတ်လုပ် ရောင်းချလိုက်ပြန်ပါတယ်။ အထွေထွေကိစ္စနဲ့ လုပ်ငန်းကိစ္စတွေမှာ အသုံးချ နိုင်တယ်။ 1366 x 768 Resolution ရှိပြီး အလွန်ကြည်လင် တောက်ပတဲ့ ၁၃.၃ လက်မအရွယ် Display တပ်ဆင်ထားတယ်။ Intel Core i5 2467 M Processor နဲ့မောင်းနှင်ပြီး Microsoft Windows 7 လည်ပတ်စနစ်နဲ့လုပ်ကိုင်ဆောင်ရွက်ပေးပါလိမ့်မယ်။ Cushy Backlit Keyboard ကလဲ အလွန်သားနား တယ်။ 4 Gb - RAM နဲ့ 128 GB SSD တို့ပါရှိတယ်။ ကြိုးမဲ့ကွန်ရက်စနစ်အတွက် 802.11 n အထိ အသင့်သုံးနိုင်တယ်။ နာမည်ကြီးလှပါတယ် ဆိုတဲ့ Apple နဲ့ MacBook Air 13 inch က ၁၂၉၉ ဒေါ်လာနဲ့ သတ်မှတ်ရောင်းချပေးမယ့် Dell XPS 13 ကိုတော့ ၉၉၉ ဒေါ်လာ နဲ့ပဲ သတ်မှတ်ရောင်းချပါတယ်။ ထုထည် အနေအထားချင်းယှဉ်ရင်လဲ Dell XPS 13 က Macbook Air 13 inch ရဲ့ ၁၃ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် Ultrabook တစ်လုံးရဲ့သဘာဝမှာလဲ အလွန်ကောင်းမွန်နေတယ်။

No comments:
Post a Comment