Thursday, 26 April 2012
"ကိုယ်" နဲ့ကျင့်ရတဲ့ ကိုယ်ကျင့်တရား
သူငယ်ချင်းတို့ရေကိုယ်ကျင့် တရား အကြောင်းလေး ကို ဆရာတော်
အရှင်ဆန္ဒာဓိ ကဟောကြား တော်မူအပ်တဲ့ အနှိုင်းမဲ့ရနံ့ စာအုပ် လေးမှ
ဝေမျှ လိုက်ပါတယ် ဖတ်ကြည့်စေချင်တယ်
"ကိုယ်ကျင့်တရား" လို့ဆိုတဲ့အတိုင်း "ကိုယ်" နဲ့ကျင့်ရတဲ့
တရားဖြစ်ပါတယ်။ ကိုယ် ဆိုတဲ့ အထဲမှာ နှုတ်လည်း ပါပါတယ်။ ကိုယ်နဲ့
မပြုသင့် မပြုထိုက်တဲ့ အပြုအမူ တွေကို မပြုမူဘဲ ၊ နှုတ်နဲ့ မပြောသင့်
မပြောထိုက်တဲ့ အပြော အဆို တွေကို မပြောဆိုတဲ့ ရှောင်ကြဉ် ရတ အကျင့် ကို
"ကိုယ်ကျင့်" လို့ခေါ်ပါတယ်။
"ကိုယ်ကျင့်" အနေနဲ့ ရှောင်ကြဉ်စရာ ကိုယ် အပြုအမူ တွေ ကတော့ အထွက် အထိပ်
အားဖြင့် သူ့အသက်သတ်ခြင်း ၊ သူ့ ဥစ္စာခိုးခြင်း နဲ့ သူ့ကာမမှားခြင်း
တို့ပါပဲ။
သတ်နေ ၊ ခိုးနေ ၊ မှားနေတဲ့သူဟာ ကိုယ်ကျင့် မကောင်းတဲ့သူ။ သီလ မရှိတဲ့
သူပေါ့ ။ မသတ်၊ မခိုး ၊ မမှား တဲ့ သူကတော့ ကိုယ်ကျင့် ကောင်း တဲ့သူ၊
သီလ ရှိတဲ့ သူပေါ့ ။
"သတ်ခြင်း" ဆိုတဲ့ အထဲမှာ ညှဉ်းဆဲခြင်း ၊ နှိပ်စက်ခြင်း ၊ ရက်စပ်ခြင်း ၊
နာကျင်စေခြင်း ၊ ကြင်နာမူမရှိခြင်း ၊ ညှာတာမူ ကင်းမဲ့ခြင်း စတဲ့ ကာယကံ
အပြု အမူ ဆိုး ၊ ကာယကံ အပြုအမူကြမ်း အားလုံး ပါဝင် ပါတယ် ညှင်းဆဲခြင်း
စတဲ့ အပြုအမူဆိုး ၊ အပြုအမူကြမ်း တွေကို ရှောင်ကြဉ်ပြီး ကြင်နာတဲ့
အပြုအမူကောင်း တွေ ၊ ညှာတာတဲ့ အပြုအမူကောင်းတွေ၊ ညှာတာတဲ့ အပြုအမူတွေ
ကျင့်သုံးမှ "မသတ်ခြင်း" ဆိုတဲ့ ကိုယ်ကျင့်သီလ နဲ့ ပြည့်စုံ နိုင်ပါတယ်။
"ခိုးခြင်း" ဆိုတဲ့အထဲမှာ အလစ်သုတ်ခြင်း ၊ အချောင်နှိုက်ခြင်း ၊
စာရင်းလိမ်ခြင်း ၊ အပျောက်ရိုက်ခြင်း ၊ သူတစ်ပါး ရဲ့ ရပိုင်ခွင့် ကို
ဟန့်တားခြင်း ၊ ကိုယ်ရဲ့ ရပိုင်ခွင့် ကိုပိုယူခြင် ၊ မတန်တဆ
ဈေးတင်ခြင်း ၊ ရေထိုးခြင်း ၊ အလေးခိုးခြင်း ၊ ရောနှောခြင်း ၊
အတုလုပ်ခြင်း ၊ ၀ိတ်လျော့ခြင်း ၊ ဖျံကျခြင်း ၊ ဖျောင်ခြင်း ၊ ဖျောခြင်း ၊
ခွင်ရိုက်ခြင်း စတဲ့ ရိုက်စား ကိစ္စမှန်သမျှ ကို ရှောင်ကြဉ်ပြီး မျှတတဲ့
နည်းစနစ်၊ မှန်ကန် တဲ့ တန်ရာ တန်ကြေးနဲ့ အလုပ်လုပ်သွားမှ " မခိုးခြင်း
" ဆိုတဲ့ ကိုယ်ကျင့်သီလ နဲ့ ပြည့်စုံနိုင်ပါတယ် ။
"မှားခြင်း" ဆိုတဲ့ အထဲမှာ ကာမဂုဏ် ကိစ္စတွေနဲ့ ပတ်သက်ပြီး မိမိရဲ့
တရားဝင် ကာမပိုင် မဟုတ်သူ တွေနဲ့ ပတ်သက် ပြီး မိမိရဲ့ တရားဝင် ကာမပိုင်
မဟုတ်သူ တွေနဲ့ လွန်ကျူခြင်း ၊ ကြည့်နှူးခြင်း ၊ ပွေ့ဖက်ခြင်း ၊
ဖုန်းဆက်ခြင်း ၊ တွဲကခြင်း ၊ လျှောက်လည်ခြင်း ၊ မျက်နှာများခြင်း ၊
ရည်းစား ပြိုင်ထားခြင်း ၊ ရိသဲ့သဲ့ပြောခြင်း ၊ အီစီကလီလုပ်ခြင်း ၊ စတဲ့
နှာခေါင်း ကိစ္စ တွေ မှန်သမျှ အားလုံး ပါဝင်ပါတယ် ။ သဘာဝ မကျတဲ့ အာရုံ
ခံစားမူ မှန်သမျှ ကိုရှောင်ကြဉ်ပြီး စည်းနဲ့ ဘောင်နဲ့ ပျော်မွေ့ တတ်မ
ှမမှားခြင်း ဆိုတဲ့ ကိုယ်ကျင့် သီလ ပြည့်စုံနိုင်ပါတယ် ။
ဒါကတော့ ဆရာတော် ဟောကြား သမျှကို အပြည့်အစုံ တင်ပြ ထားတာပါ ကိုယ်ဘာသာ
ကွန့်ပြီး ရေးထားတာ တစ်ခုမှ မပါပါဘူး ဒီလို အဖြစ်အပျက်လေးတွေ ဟာ
တို့တတွေ မသိလိုက် မသိဘာသာ မှားသွား တက်တဲ့ အမှားလေး တွေမို့
အလေးထားတင်ပြလိုက်ပါတယ် ။
ဒီစာလေးကိုဖတ်ပေးတဲ့အတွက်ကျေးဇူးပါနော်
လူသားတိုင်းကိုယ်ကျင့်တရားပြည့်စုံနိုင်ကြပါစေ
ဆန္ဒအမှန်ဖြင့်
ယုယမေ
သူငယ်ချင်း ယုယမေ မှ တင်ဆက်ထာခြင်းဖြစ်ပါကြောင်း . (သိသမျှ)
Subscribe to:
Post Comments (Atom)
ဆက်လက်မျှဝေနိုင်ရင်အကောင်းဆုံးပါပဲ
ReplyDeleteလူတိုင်းဖတ်သင့်သိသင့်တဲ့အရာမို့ပါ.....
အားပေးဖတ်ရှု့သွားပါတယ်
ReplyDeleteလာရောက်ဖတ်ခဲ့ပါတယ်
ReplyDeleteမှတ်သားဖွယ် ပို့စ်လေးပါ အကိုရေ...
ReplyDeleteဖတ်မှတ်သွားပါတယ် ခင်ဗျာ... ရေးသား
သူကို ရော အားလုံးဖတ်ရအောင် ပြန်လည်မျှဝေတင်ပြ
ပေးသူ ကိုပါ ကျေးဇူးတင်ပါတယ် အကိုရေ...
ခင်မင်စွာဖြင့်
ရာဇာထွေး