Friday, 6 April 2012

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်အလွယ်ဆုံးနည်း

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ် အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက် လက်တွေ့... ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ် အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ ပါဝင်တဲ့ ပစ္စည်းတွေကတော့ သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ ရောစပ်ပြီး လိမ်းပေးရမှာပါ 

ဖေါ်စပ်နည်း



သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ ထို့နောက် ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး မွှေပေးပါ

အသုံးပြုနည်း
 

ညအိပ်ယာဝင်ခါနီးတိုင်း ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ် တစ်ပါတ်အတွင်း သိသာစွာ ဗိုက်ချပ်လာသည်ကို လက်တွေ့ တွေ့မြင် ခံစားရမှာပါ(ယခုမိတ်ဆွေ ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး ကျေးဇူးတင်ကြောင်း ထောက်ခံချက်ပေးလာသောကြောင့် သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်) မှတ်ချက်- ညစာကို ပုံမှန် ထက် လျှော့စားပေးရင် ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်။

6 comments:

  1. ကျေးဇူး အစ်ကိုရေ..... Share ပါရစေ.....

    နောက်(၇)ရက်ကျရင် ထပ်ပြီး ကျေးဇူးတင်ကြောင်း လာပြောဦးမယ်....

    ReplyDelete
  2. share သွားပြီအစ်ကိုရေ...

    ReplyDelete
  3. အိမ်ကလူကိုစမ်းကြည့်လိုက်မယ်

    ReplyDelete
  4. ကျေးဇူးပါခင်ဗျာ................

    ReplyDelete
  5. ပာ..ပာ..နှစ်ကြိမ်ရှိပြီ ဖတ်ရတာ..နည်းနည်းတော့ စမ်းလိုက်အုန်းမယ်

    ReplyDelete
  6. ကော်ပီလုပ်သွားပါတယ် စိတ်မရှိပါနဲ့နော်
    ညီမဆိုက်ကလေးကိုလဲလာလည်ပေးပါနော်
့http://www.royalrabbit2012.blogspot.com

    ReplyDelete