Monday, 28 May 2012

သီတဂူဆရာတော်ကြီးရဲ့ဆုံးမစကား....ငါသေသွားရင်

သီတဂူ ဆရာတော်ကြီးရဲ့ဆုံးမစကားတွေကိုအရမ်းကြိုက်မိလို့သူငယ်ချင်းမိတ်ဆွေများအတွက်ကုသိုလ်ဖြစ်
မျှဝေးပေပါတယ်

 " ငါသေသွားရင် တိုင်းပြည်နဲ့ လူမျိုး၊ဘာသာ သာသနာ အတွက် ဘာထားခဲ့မလဲ၊
 ထားနိုင်အောင် ကြိုးစားပါ။
 

မိမိအတွက် သံသရာကို ဘာယူသွားမလဲသံသရာအတွက် 
အနှစ်ကိုလည်း ယူသွားနိုင်အောင် ကြိုးစားပါ။
 
မိမိကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ထက် မိမိကြောင့် သူတပါး
ကိုယ်စိတ်နှစ်ပါး ဒုက္ခမရောက်အောင်နေတတ်ဖို့ ကျင့်တတ်ဖို့က
ပိုပြီးအရေးကြီးပါတယ်။
 

သူတစ်ပါးအကျိုးစီးပွားနှင့် မိမိအကျိုးစီးပွား တိုးပွားအောင်
 ကြိုးစားပြီးနေတတ်ဖို့အရေးကြီးပါတယ်။ "

မာဝမညေထ ပုညဿ --- ကောင်းမှုကိုသေးငယ်သည်ဟူ၍ မထေမဲ့မြင် မပြုနှင့်။
နစခုဒ္ဒ မာ စရေကိဉ္စိ ---- မကောင်းမှုကို သေးငယ်သည်၍လည်း မပြုမိစေနှင့်။

သီတဂူဆရာတော်အရှင်ဉာဏိဿရ (D.Litt) (Ph.D)

1 comment:

  1. မိမိ ကိုယ်တိုင်နိဗ္ဗာန် ရောက်အောင်လဲအားထုတ်ပြီး
    သူတစ်ပါးကိုလဲ နိဗ္ဗာန်ရောက်အောင် လမ်းညွှန် နိုင်ရင်
    အကောင်းဆုံးပါပဲရှင်

    ReplyDelete