ဗြိတိန်ဝန်ကြီးချုပ်က အမေစုကို ဝန်ကြီးချုပ်နေအိမ်မှာ နေ့လည်စာ တည်ခင်းဧည့်ခံပြီးမြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အချိန်တွေ အများကြီးပေးပြီး နိုင်ငံခေါင်းဆောင် တဦးထက် မိတ်ဆွေရင်း တယောက်လို အမကြီးတဦးလို စောင့်ရှောက်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ကိုလည်း
ဒီဓာတ်ပုံတွေကို ကြည့်မိရင်းက နှစ်ပေါင်းများစွာ နေအိမ်အကျဉ်းချခံရ အသက်ဘေးမှ အကြိမ်ကြိမ် လုပ်ကြံခံခဲ့ရပြီး လွတ်မြောက်လာရတဲ့ ဒီလို ပိန်ပိန်ပါးပါး ကမ္ဘာကျော် အမျိုးသမီးကြီးတဦးကို ညီမလေ...းတဦးလိုပါပဲ ဆိုပြီး အမြဲ ပြောဆိုကြတဲ့ ပြည်တွင်းက ခေါင်းဆောင်တွေ နှုတ်ဖျားက စကားထက် ရင်ထဲက စေတနာအမှန်နဲ့ လက်တွဲ လုပ်ဆောင်ခဲ့ကြမယ်ဆိုရင် ဘယ်လောက်များ တိုင်းပြည်အတွက် အကျိုးရှိလေမလဲ ဆိုတဲ့ အတွေးလည်း ဝင်လာမိပါတယ်..။
အကြောက်တရားနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ ပြည်တွင်းက မြင်ကွင်းတွေနဲ့ ယခု ဓာတ်ပုံပါ ဗြိတိန်ဝန်ကြီးချုပ်နဲ့ သူရဲ့ ပြည်သူတွေရဲ့ ရိုးစင်းလှတဲ့ မြင်ကွင်းတွေဟာ အတွေးပေါင်းများစွာ ဖြစ်ပေါ်စေပါတယ်..။
ဒီမိုဝေယံ မှ ကောက်နှုတ် တင်ပြပါတယ် သိသမျှ ။
No comments:
Post a Comment