Saturday 14 July 2012

နှလုံးသားမှ စကားသံများ (သတင်း/၇ုပ်သံ)

                                                                                     

နှလုံးသားမှစကားသံများမျှဝေခံစားကြစို့လားဆိုတဲ့ ခေါင်းစဉ်နဲ့လူကုန်ကူးခံရမှုကနေမိဘရပ်ထံ ပြန်လည် ရောက်ရှိလာတဲ့ သူတွေရဲ့ရင်ဖွင့်ပြောကြားတဲ့ အစီအစဉ် တစ်ခုကို ရန်ကုန်မြို့Chatrium Hotel မှာ ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။World Vision ကနေဦးဆောင်ပြီး နေ့လည် ၁း၀၀ နာရီက စတင် ကျင်းပ ပြုလုပ်တဲ့ ဒီအစီအစဉ်မှာ လူကုန်ကူး ခံရသူတွေဟာ သူတို့ တွေ့ကြုံ ခဲ့ရတဲ့ အဖြစ်အပျက်အကြောင်းအရာတွေနဲ့
ပတ်သက်လို့ တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေကို ရင်ဖွင့် ပြောဆို ခဲ့တာပါ။ ဒီအခမ်းအနားကို World Vision မှတာဝန်ရှိသူတွေ သံရုံး ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ၊မြန်မာနိုင်ငံ ရဲအရာရှိတွေ၊ အနုပညာရှင်တွေနဲ့ သတင်း မီဒီယာတွေ အပါအဝင် လူဦးရေ ၁၀၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။









BURMA VJ မှ သိသမျှ ။

2 comments:

  1. သတင်းလေးလာရောက်ဖတ်ခဲ့ပါတယ်

    ReplyDelete
  2. ဒီလို အဖြစ်လေးတွေ အမြန်ဆုံး ပပျောက်နိုင်ပါစေဗျာ...

    ReplyDelete