Monday 30 July 2012

ဆံပင် အရောင်ပြောင်းလဲခြင်းဖြင့် ဘာတွေကို လိုက်နာပြီး ဘာတွေကိုရှောင်ရမလဲ



လှပ ဆွဲဆောင်မှု မျိုးစုံက မိန်းကလေးတွေအတွက် ရှိပြီးသားပါ။ အ၀တ် အစား အသစ်တွေ၊ အလှပြင်ဆင်မှု နည်းနိဿယတွေ၊ ဆံပင် အရောင် အမျိုးမျိုးကို ပြောင်းလဲမှုတွေ အများကြီးပါ။ အလှအပ အတွက် တစ်ခုခု ပြုပြင်ဖို့ လိုမယ်ဆိုရင်၊ ထူးခြားသိသာတဲ့ ဆွဲဆောင်မှု တစ်ခုမှာတော့ ဆံပင် အရောင်ပြောင်းလဲခြင်းဟာ အခြား အရာတွေထက် ပိုပြီး စိတ်လှုပ်ရှားဖွယ်ရာ တစ်ခုပါပဲ။ ကဲဆံပင်တွေကို ဆေးဆိုးချိန်မှာ ဘာတွေကို လိုက်နာပြီး ဘာတွေကိုရှောင်ရမလဲဆိုတာလေးကို ဖတ်ကြည့်လိုက်ရအောင်နော်

မိမိရဲ့ အလှပြင်ပေးနေကြ ပညာရှင်တွေအထိ စိတ်ကြိုက်နည်းနဲ့ အရောင် အသွေးအသစ်တွေကို ရယူနိုင်ပါတယ်။ ဆံပင် အချို့ရဲ့ အရောင်ကို ပြောင်းလဲခြင်း(highlighting)၊ မှ စပြီး ဦးခေါင်း တစ်ခုလုံးရှိ ဆံပင်တွေအားလုံးကို ပြောင်းလဲခြင်းအထိ လုပ်နိုင်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန် သတိပြုရန် အချက်များ

အခုမှ မထမဆုံး အကြိမ် စတင်ပြီး ဆံပင် အရောင် ပြောင်းမှာလား၊ ဒါဆိုရင်တော့ အရင် မှုလ ဆံပင် အရောင်နဲ့ နီးကပ်တဲ့ အရောင်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။ ဒီနည်းနဲ့ ပြောင်းလို့ကတော့အခြား ဘာမှ
ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်စရာ မရှိပါဘူး။

နောက်တစ်နည်းကတော့ ကိုယ်နဲ့ ဘာရောင်လိုက်မလဲ မသိပဲ မဝေခွဲနိုင်ဖြစ်နေတဲ့သူတွေအတွက် အလွယ်တကူ ခေါင်းလျှော်ပြီး ဆေးပြန်ဖျက်ပစ်နိုင်တဲ့ ယာယီဆိုးဆေး တစ်မျိုးကိုသုံးနိုင်ပါတယ်။ ဒီနည်းကတော့ ကိုယ်သုံးလိုက်တဲ့ အရောင်ကို မကြိုက်ရင် လွတ်လပ်စွာ အလွယ်တကူ ပြန်လည် ပြုပြင်နိုင်တဲ့ အခြေနေတစ်ခုကို ပေးပါတယ်။

ဆံပင် အချို့ရဲ့ အရောင်ကိုသာ ပြောင်းလဲခြင်း(High Light) ကို အိမ်မှာ ကိုယ့်ဘာသာ လုပ်မယ်လို့ ရွေးချယ်လိုက်လျှင်တော့၊ သူငယ်ချင်း (ဒါမှမဟုတ်) မိသားစုဝင်တစ်ယောက်ရဲ့ အကူအညီကို ရယူသင့်ပါတယ်။ ကိုယ်ဘာသာ ကောင်းကောင်း မမြင်နိုင်တဲ့ နေရာက ဆံပင်တွေကို သေသေချာချာ ပြောင်းလဲနိုင်ဖို့ ဆိုရင် အခြားမျက်လုံးတစ်စုံရဲ့ အကူအညီကို ရယူတာ အကောင်းဆုံးဖြစ်ပါတယ်။ မှန်ထဲက ပြန်မြင်ရတဲ့ အရိပ်က မတိကျနိုင်ပါဘူး။ အခြားတစ်ယောက်ရဲ့ အကူညီရယူခြင်းက အဆင်ပြေတဲ့ အခြေအနေထက် အကောင်းဆုံး အလှပဆုံး ဆိုတာကို ဖြစ်ပေါ်နိုင်ပါတယ်။

ဆိုးဆေးရဲ့ ညွန်ကြားချက်တွေ အတိုင်း တဆင့်ချင်း သေသေချာချာ လိုက်နာ ဆောင်ရွက်သင့်ပါတယ်။ ဘယ်အချက်မှ မကျော်သွားသင့်ပါဘူး။ ဆံပင်အားလုံးကို အရောင် မဆိုးခင် ဆံပင် အနည်းငယ်မှာ အရင်စမ်းသပ် ဆိုးကြည့်သင့်ပါတယ်။ ဒါမှ မိမိနဲ့ ထိုဆိုးဆေးနဲ့ တည့်၊ မတည့်ကို သိနိုင်မှာ ဖြစ်ပါတယ်။
အရောင်ဆိုးတဲ့ အခါမှာ ဆံပင်ကို ဖြန့်ချထားရင် အကောင်းဆုံးပါပဲ။ ဒီလို လုပ်ခြင်းဖြင့်အရောင်ညီ၊ မညီကို ပိုမိုလွယ်ကူစွာ သိနိုင်ပါတယ်။ ဦးခေါင်းထက်မှာ ဆံပင်ကို ကလစ်များဖြင့် သပ်ရပ်စွာ ညှပ်ထားပြီး အစုလိုက် အရောင်ဆိုးခြင်းက ပိုမို သပ်ရပ်စေပါတယ်။

နားရွက်၏ အထက်ပိုင်းရှိ ဆံပင်များကို နည်းနည်းခြင်း ဆံပင်၏ အမြစ် အောက်ခြေပိုင်းမှ အထက်ပိုင်းအထိ ဖြည်းဖြည်းချင်း အရောင်ဆိုးရပါမည်။ ဆိုးဆေး၏ ညွှန်ကြားထားချက်များကို သေချာစွာ စစ်ဆေး၍ မိမိလုပ်သည်များ မှန်ကန်မှု ရှိ၊ မရှိကို ထပ်မံ၍ သေသေချာချာ စစ်ဆေးဆင့်ပါတယ်။
ဆေးစက်များ ခန္ဓာကိုယ်ပေါ် အစက်လိုက် ကျရောက်ခြင်းကို ကာကွယ်နိုင်ရန် ဆေးစက်များ ကျတတ်သည့် နေရာများကို ကိုယ်ခန္ဓာလိမ်းသည့် အလှဆီများ၊(moisturizer)၊ အသားလိမ်းဆီများ ကိုလိမ်းထားသင့်ပါသည်။ များသောအားဖြင့် ဆံပင် ဆိုးဆေးများသည် ဆေးစက်များ ဆီးကျလေ့ မရှိပါ။ 
 သို့သော် ကျခဲ့လျှင် ဤသို့ ကြိုတင်ပြင်ဆင်ထားသောကြောင့် လွယ်ကူစွာ ဆေးကျော ဖြတ်ပစ်နိုင်ပါသည်။

အ၀ါရောင့် ဖျော့ဖျော့ကို ဆံပင်အရောင်ကို ဆိုးမယ်ဆိုရင်တော့ အကောင်းဆုံး အကြံကတော့ တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့် တိုင်ပင်သင့်ပါတယ်။ အရောင် အရင့်ဆံပင်ကို အရောင် အဖျော့ ဆိုးခြင်းဟာ အတော် သတိထား ဆောင်ရွက်ရမယ့် ကိစ္စ တစ်ရပ် ဖြစ်နေပါတယ်။ အိမ်မှာ ဆေးဆိုးနေကြ 
 ကျွမ်းကျင်သူ ဖြစ်ခဲ့လျှင်တောင် အယွင်း တွေ့နိုင်မှာကို သတိပြု အပ်ပါတယ်။

အိမ်မှာ ဆံပင် အရောင်ဆိုးလျှင် မဖြစ်မနေ သတိပြူရန် အချက်များ

ဆံပင်အရောင်မဆိုးခင်ဆံပင်ကိုဆံပင်ပျော့ဆေးများဖြင့် သေချာကောင်းမွန်စွာ ပြုပြင်ထားသင့်ပါသည်။ ခေါင်းကို
 သေချာ လျှော်၍ ၂ ရက်ခန့်တွင် အရောင်ဆိုးဆေး သုံးသင့်ပါသည်။ သို့မှာသာ ဆေးရောင်များ ပိုမို ခိုင်မာစေမှာ ဖြစ်ပါတယ်။ ဦးရေပြား နူးညံနေစဉ်တွင် အရောင်ဆေးဆိုးရသည်မှာ ပိုမိုလွယ်ကူစေပါသည်။ ဒါ့အပြင် ဆံပင်၏ သဘာဝ အဆီများက အခြား ဆံပင်ကို ပျက်ဆီးစေတတ်ခြင်းမှာ ကာကွယ်ပေးပါတယ်။ 

 the world of pinkgond မှ သိသမျှ။

1 comment:

  1. လူငယ်တွေ အကြိုက် ပိုစ့်လေး ပါ

    ReplyDelete