Friday 27 July 2012


မြန်မာနိုင်ငံအတွင်း၌ ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံတကာဘဏ်များပူးပေါင်း၍ အကြွေးဝယ်ကဒ် Visaနှင့် Masterကတ်များကို အခုနှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းမှာ မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားဧည့်သည်များ ပြည်တွင်းဘဏ်များတွင် ငွေအသုံးပြုနိုင်ရေး လွယ်ကူမှုရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ နိုင်ငံခြားသာတွေ လာလို့ငွေအသုံးပြုတဲ့အခါ အဆင်ပြေနိုင်အောင်လို့ စီစဉ်ပေးတာပါ။ ဒီစနစ်ကို နှစ်ကုန်ပိုင်းဝန်းကျင်မှာ
Visaနဲ့Master ကတ်တွေအဖြစ် အသုံးပြုနိုင်ဖို့ စီစဉ်ဆောင်ရွက်မှာပါဟု CBဘဏ်မှာ တာဝန်ရှိတစ်ဦးကပြောသည်။ လက်ရှိအချိန်တွင် အကြွေးဝယ်ကဒ်စနစ် အသုံးမပြုနိုင်မီ အချိန်ထိ MyanmarPaymentUnion ကတ်စနစ်ကို အသုံးပြုနိုင်ရန် ပြည်တွင်းဘဏ် ၁၁ခုဖြင့်စီစဉ် ဆောင်ရွက်လျက်ရှိပြီး MyanmarPaymentUnion စနစ်ကိုပီပြင်စွာ အသုံးပြုနိုင်မှုရှိမရှိကို စောင့်ကြည့်ပြီးပါက ခရက်ဒစ်ကဒ်စနစ်ဖြစ်သော Visaနှင့်Master ကတ်များကို ပြည်တွင်း၌အသုံးပြု နိုင်အောင်စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။


 shwe myanmar ဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment