Friday 27 July 2012

အားဖြည့်ရုံနဲ့ မိုင် (၅၀ဝ)အထိ မောင်းနှင်နိုင်တဲ့ အီလက်သရစ်ကားဒီကား


အားဖြည့်ရုံနဲ့ မိုင် (၅၀ဝ)အထိ မောင်းနှင်နိုင်တဲ့ အီလက်သရစ်ကားဒီကားဟာ ရိုးရိုး သာမန်ကားတွေ မဟုတ်ပါဘူး။ ဘက်ထရီ စွမ်းအင် အသုံးပြု မောင်းနှင် နိုင်တဲ့ QBEAK အမျိုးအစား အီလက်ထရစ် ကားဖြစ်ပါတယ်။ ဒါပေမယ့် ဓာတ်ဆီ စွမ်းအင်သုံး ပြိုင်ဘက်ကားတွေနဲ့ယှဉ်ရင် လူကြိုက်များမှုမရှိသေးပါဘူး။ ဘာပဲပြောပြော ဘက်ထရီ တစ်ခါ ဓာတ်အားသွင်းလိုက်တာနဲ့ ခရီးမိုင် (၅၀ဝ) အထိ မောင်းနှင်နိုင်ပါ သတဲ့။

 နောက်တစ်ခု အားသာချက်က စက်ဆီ၊ ရေနံဆီ၊ လောင်စာတွေအသုံး ပြုတဲ့ကားတွေထက် ကာဗွန်ဒိုင်အောက် ဆိုဒ် ထုတ်လွှတ်မှု ပိုနည်းတာပါပဲ။ ကားမှာ အသုံးပြုထားတဲ့ biomkethanol
ဓာတ်ပစ္စည်းက သူ့ရဲ့ ဘက်ထရီသက်တမ်းကို တိုးမြှင့်ပေးပါ တယ်။ ကားရဲ့အလေးချိန်ကလည်း ၄၂၅ ကီလိုဂရမ်သာရှိပြီး အရမ်း ပေါ့ပါးတာကြောင့် လျင်လျင်မြန်မြန် မောင်းနှင်နိုင်တာပါ။ ဒီကားကို ဒိန်းမတ်ကုမ္ပဏီ (၃)ခုက ဖန်တီးခဲ့ ခြင်းဖြစ်ပြီး ဒီနှစ်အစောပိုင်းက ဒိန်းမတ်ကို အလည်အပတ် ရောက် ရှိလာတဲ့ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ကမ်မီလာတို့ဇနီးမောင်နှံ က အထူးစိတ်ဝင်စားခဲ့ကြပါ တယ်။


စိကူးပျော်ရာ မှ သိသမျှ ။

No comments:

Post a Comment