Sunday 15 July 2012

iPhone အတွက် ဘက်ထရီ charge ကို ရေ နဲ့ သွင်းလို့ရတယ် ဆိုရင် သင် ယုံကြည်နိုင်ပါ့မလား...?




မယုံမရှိပါနဲ့ လက်တွေ့ ဖြစ်နိုင်နေပါပြီ... Swedish Company တစ်ခုက ရေကို အသုံးပြုပြီး စွမ်းအင် ထုတ်ပေးနိုင်တဲ့ PowerTrekk အမည်ရတဲ့ Charger ကို တီထွင်ထုတ်လုပ် လိုက်ပါပြီ။ တစ်ကယ်တော့ PowerTrekk ကို မနှစ်က ဘာစီလိုနာ မှာ ကျင်းပပြုလုပ်တဲ့ Mobile World Congress မှာထဲက မိတ်ဆက် ခဲ့ပြီးသားပါ။


Charger မှာ မှန်သားအိမ် နဲ့ ရေထည့်ဖို့ခွက် အဓိကပါရှိပါတယ်။ အလွယ်တစ်ကူ နေရာတစ်ကာ သယ်သွားနိုင်အောင် ပေါ့ပေါ့ပါးပါး သေးသေး သွယ်သွယ်ပဲ ပြုလုပ်ထားပါတယ်။ ရေကိုသာ Fuel Cell အဖြစ် အသုံးပြုပြီး စွမ်းအားထုတ်ပေးခြင်း ဖြစ်လို့ iPhone မှတင် မဟုတ်ပါဘူး USB နဲ့ အားဖြည့်သွင်းတဲ့ မည်သည်
Digital ပစ္စည်းမဆို ဒီ Charger နဲ့ အားပြန်သွင်းနိုင်ပါတယ်။


အံ့သြဖွယ်ရာ တီထွင်မှုဖြစ်ပြီး ရေခံခွက်ငယ်လေးထဲကို ရေအနည်းငယ်ထည့်၊ USB ကြိုးနဲ့ iPhone ကိုသွယ်ပေးလိုက်ရုံဖြင့် အားသွင်းနေပါပြီ။ အားသာချက် အရှိဆုံးကတော့ USB ကြိုးသုံးသော ကြိုက်တဲ့ Device ကို အားသွင်းလို့ရပါတယ်။


Powerpukk လို့အမည်ရတဲ့ အောက်ခံခွက်မှာ Sodium Silicide ထည်သွင်းထားပြီး ရေနှင့် ထိတွေ့သောအခါ ဓါတ်ပြုပြီး Hydrogen gas ထုတ်ပေးပါတယ်။ ထိုမှတစ်ဆင့် စွမ်းအင် အဖြစ် ပြောင်းလဲပြီး အားသွင်းယူနိုင်ပါတယ်။

PowerTrekk ကို မေလ (သို့) ဇွန်လ တွင် ဈေးကွက်တွင်း ရောက်လာနိုင်မှာ ဖြစ်ပြီး ရောင်းဈေးမှာ $200 နှင့် $250 ကြားဖြစ်ပါလိမ့်မယ်။ အောက်ခံခွက်ကိုလဲ $4 ဖြင့် အသစ်လဲလှယ်နိုင်ပါတယ်။

အသေးစိတ်သိလိုပါက Official Website တွင် ကိုယ်တိုင် ဝင်ရောက် လေ့လာနိုင်ပါသည်။

Link........... http://www.moethagyar.info/


Win Paphyu face book မှ သိသမျှ ။

2 comments:

  1. ဗဟုသုတမှတ်သားသွားပါတယ် အကိုရေ...:-)

    ReplyDelete
  2. အင်း.. တီထွင်မှုတွေကလည်း ဆန်းသစ်လိုက်တာ..

    ReplyDelete