Wednesday 1 August 2012

ပရိသတ်တွေကိုတော့ ကျေနပ်နှစ်သက် အားရတဲ့အထိ ပေးဆပ်ပြီး ကြိုးစားနေမှာပါ ဆိုတဲ့ မင်းရာဇာ

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူး တဲ့ ‘မျက်လုံး’ ဇာတ်ကား မှာပါဝင် သရုပ်ဆောင်တဲ့ မင်းရာဇာက
မျက်လုံးဆိုတဲ့ နာမည်ရဲ့နေရာက သရုပ်ဆောင် ထားပါတယ်။ ဒါရိုက်တာရဲ့ ညွှန်ကြားချက် အတိုင်းပဲ ဒီဇာတ်ကား ရဲ့ဇာတ်ဝင်ခန်းကို ကိုးခန်း လောက်က လူမပေါ်ဘဲ မျက်လုံးပဲ ပါပြီး နောက်ပိုင်းမှာ မျက်လုံးက ဘယ်သူ ဆိုတာ ပေါ်လာ မှာဖြစ်ပြီး ဇာတ်သိမ်းမှာတော့ သူထူးစံနဲ့ပြန်တွေ့ရ မှာဖြစ်ကြောင်း မင်းရာဇာ ကပြောပါတယ်။

ဒီဇာတ်ကားအတွက် မျက်ကပ် မှန်တပ်ထားတာတွေ့ရ တဲ့မင်းရာဇာ ကို မေးတော့ ”ဒါရိုက်တာက တပ်ခိုင်းလို့ တပ်ထားတာပါ။ အရင်က တပ်တော့ တပ်ဖူးပါတယ်။ ဒါပေမဲ့ မတပ်တာ နှစ်နဲ့ချီပြီး ကြာနေ ပြီ။ဇာတ်ဝင်ခန်း
အရတပ် တာလောက်ပဲ ရှိတယ်။ မျက်ကပ် မှန်တွေစပေါ် တုန်းကတပ်တာရှိတယ်။အကျင့်သိပ်မရှိတော့နည်းနည်းအောင့် နေတယ်။ ခိုးလိုးခုလုဖြစ်နေတယ်။ ဒီဇာတ်ကားမျိုးက ရိုက်နေကျ ပုံစံမဟုတ်ဘူး။ မျက်လုံး ဆိုပေမယ့် ကိုးခန်းစလုံးမှာ မျက်လုံးရဲ့ အိုက်တင်တွေ ပါအောင် သရုပ်ဆောင်ရ တယ်။လေ့လာရတာရှိတယ်။ ဒါရိုက်တာ ကလည်း သင်ပြ သလို ကိုယ့်ဘက်ကလည်း လေ့ လာပြီးကြိုး စားရပါတယ်”လို့ ပြောပါ တယ်။

ဒီဇာတ်ကားကို သုဝဏ္ဏဘက်က ဂိုဒေါင် တစ်ခု မှာ မြေအောက်ခန်း ပုံစံ ဆက်တင် ဆောက် လုပ်ထား တာ ဖြစ်ကြောင်း ၊လေးရက်လောက်ပြင် ဆင် ဆောက်လုပ်ထားတာဖြစ်ကြောင်း မင်းရာဇာကပြောပါတယ်။ ဆက် တင်တွေ မြန်မာနိုင် ငံ မှာအများကြီးလို အပ်နေပြီး ဆက်တင်ဆောက် တာတွေနည်းနေသေး ကြောင်းလည်း ပြောပါတယ်။နောက်ပိုင်းမှာ အန်နီမေး ရှင်းတွေ သုံးလာကြပေမယ့် ဆက်တင် ရဲ့အရသာနဲ့ အန် နီမေး ရှင်းရဲ့ အရသာက ကွာခြားကြောင်း မင်းရာဇာ က ပြောပါ တယ်။ မင်း ရာဇာကဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်မယ့် ‘စုန်းပြူး’ရုပ်ရှင်ဇာတ် ကားကြီး မှာ နေတိုးရဲ့အစ်ကိုအဖြစ် သရုပ် ဆောင်မှာဖြစ်ကြောင်းပြောပါ တယ်။

မင်းရာဇာ က သူ့ရဲ့မင်္ဂလာသတင်း ကိုတော့ သေချာမှ ပဲပြောပြတော့မယ် လို့ ဆိုပါတယ်။ သူရဲ့ ပရိသတ်တွေကိုတော့ မင်း ရာဇာက ”လူ တစ်ေ ယာက်ဖြစ် လာပြီဆိုရင် မိသားစု တစ်ခုက လိုအပ်ပါတယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေမှာလည်း မိသားစုရှိ သင့်သလို၊ အပြင်က လူတွေမှာ လည်း ရှိသင့်ပါတယ်။ အိမ်ထောင်ပြုတာ၊မပြုတာနဲ့ အလုပ်နဲ့မဆိုင်ပါဘူး။ကျွန်တော် ရဲ့ အနုပညာကိုလည်းထိပ်ဆုံးအထိရောက် အောင် ကြိုးစားသွားမှာပါ။ ကျွန်တော့်ရဲ့ ကြိုး စားမှုတွေ အားလုံးကိုလည်း ပရိသတ် ကျေနပ်နှစ်သက် အားရတဲ့အထိ ပေးဆပ်ပြီး ကြိုးစားမှာပါ”လို့ ပြောပါတယ်။

ခိုင်ဝေလွင် မှ သိသမျှ ။

No comments:

Post a Comment