Friday 10 August 2012

ဂီတအစည်းအရုံးအသစ်ကလူငယ်တွေပါဝင်လာကြတာကိုတွေ့ရတာဝမ်းသာပါတယ်ဆိုတဲ့ကဗျာဘွဲ့မှူး


အခု ပြန်လည်ဖွဲ့လိုက်တဲ့ ဂီတအစည်းအရုံး အသစ်က အရင်ဂီတအစည်းအရုံးထက် ဘာများ ကွာခြားသွားလဲလို့ ကဗျာဘွဲ့မှူးကို မေးကြည့်တော့ "အခု ဒီဂီတအစည်းအရုံးမှာ လူငယ်တွေ ပါဝင်လာကြတာကို တွေ့ရတာ ဝမ်းသာပါတယ်။ အခုအချိန်က ခိုးကူးတွေ တအား သောင်းကျန်းနေတယ်လေ။ လူငယ်တွေက တက်တက်ကြွကြွနဲ့ လုပ်ကိုင်နိုင်တယ်။ အရင်က ဂီတအစည်းအရုံးက ကောင်းသလိုပဲ ဒီဂီတ အစည်းအရုံးအသစ်မှာလည်း လူငယ်တွေ တစ်တပ်တစ်အား ပါဝင်လာတာ တွေ့ရတော့ ကောင်းပါတယ်။ ပိုပြီးတော့လည်း သဘောကျပါတယ်။ အစ်မက ဒီဂီတအစည်းအရုံးအသစ်မှာ
ဝင်အရွေးခံဖို့မရှိပါဘူး။ ဘေးကနေပဲ ပံ့ပိုးပေးမှာပါ” လို့ ပြောသွားပါတယ်။
ကဗျာဘွဲ့မှူးရဲ့ ၁၅နှစ်ပြည့် Live Show ကို နိုဝင်ဘာလမှာ ထွက်ဖို့စီစဉ်ထားကြောင်း၊ ရွှေ့လိုက်တဲ့ အမေရိကပွဲကလည်း ဆိုဖို့ မသေချာသေးကြောင်း၊ ဒီကြားထဲမှာ သြစတြေးလျပွဲဆိုဖို့ လက်ခံထားကြောင်း၊ ကရင်တစ်ကိုယ်တော် အခွေစီးရီးကိုလည်း ၈ လ ပိုင်းကုန် ၉ လပိုင်းမှာ ထွက်ဖို့ရည်ရွယ်ထားကြောင်း ပရိသတ်များကို သတင်းပေးသွားပါတယ်။

ယွန်းလင်္ကာ popular new journal မှ သိသမျှ ။

No comments:

Post a Comment