Friday, 10 August 2012

မြန်မာပြည်ကို ပြန်လာတော့မဲ့ Pepsi-Cola


ကမ္ဘာ့အကြီးဆုံး အချိုရည် ကုမ္ပဏီကြီးဖြစ်တဲ့ Pepsi ကုမ္ပဏီကြီးက မြန်မာနိုင်ငံအပေါ် အမေရိကန် အပါ အ၀င် နိုင်ငံကြီးတွေ ရဲ့ အမျိုးမျိုးသော စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှာပြီးတဲ့နောက် တချိန်က သူ့ ဈေးကွက်ဖြစ် ခဲ့တဲ့ မြန်မာနိုင်ငံကို ပြန်လည် ၀င်ရောက်မယ်ဆိုတဲ့အကြောင်း ကြေညာလိုက်ပါပြီ။

ကုမ္ပဏီက Pepsi-Cola, 7-Up နဲ့ Mirinda ဆိုတဲ့ အချိုရည် တံဆိပ်တွေနဲ့ ကုန်ပစ္စည်း ဖြန့်ချီဖို့ မြန်မာ

လုပ်ငန်းစု တခုနဲ့ သဘောတူ လက်မှတ်ထိုး ပြီးပါပြီတဲ့။

PepsiCo ဟာ ၁၉၉၇ ခုနှစ်က မြန်မာနိုင်ငံက ထွက်ခွာခဲ့ပါတယ်။ အဲဒီတုန်းက ပက်ဆီ ဦးသိန်းထွန်းကို ကုမ္ပဏီရဲ့ စက်ယန္တရားတွေနဲ့ တဆိပ်ကို ဆက်ပြီး ထုတ်လုပ်ခွင့်ပြုပေးခဲ့ပြီး ထွက်သွားခဲ့ရတာပါ။

PepsiCo ဆိုတဲ့ ကုမ္ပဏီကြီးရဲ့ အဓိက ပြိုင်ဘက် Coca-Cola ကုမ္ပဏီကြီးကလည်းမြန်မာနိုင်ငံ ပြန်သွားမယ် လို့လည်း မကြာခင်က ကြေညာခဲ့ပါသေးတယ်။

“ကျနော်တို့က စားသုံးသူတွေလက်ထဲမှာ ကျနော်တို့ရဲ့ အစားအသောက်၊ အဖျော်ယမကာတံဆိပ်တွေ ပိုပြီး ကျယ်ကျယ် ပြန့်ပြန် ရှိစေဖို့ တကယ့် အခွင့်အရေးကြီးတွေကို မျက်ခြေမပြတ် ရှာနေတာပါပဲ” လို့ PepsiCo ရဲ့ ဥက္ကဌလည်းဖြစ် အမှု ဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ Indra Nooyi က ပြောထားတာကို BBC သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

သူက မြန်မာနိုင်ငံဟာ တကယ့် အားကောင်းတဲ့စွမ်းဆောင်ရည်တွေနဲ့ ဈေးကွက်ကြီးဖြစ်ခဲ့တာကိုထောက်ပြပြီး အခုတော့ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ စီးပွားရေး လုပ်ငန်းကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်တာလည်း ဆက်ပြောပါတယ်။



face book စာမျက်နှာများ မှသိသမျှ ။

No comments:

Post a Comment