Sunday, 12 August 2012
နာမည်ကြီး ဘောလုံးသမား နာကာတာ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည်
ဂျပန် နိုင်ငံမှ နာမည်ကြီး ဘောလုံး သမားဟောင်း ဖြစ်သူ နာကာတာ သည် ရန်ကုန်မြို့သို့ ယခုလအတွင်း လေးရက်ကြာ အလည်အပတ်ခရီး လာရောက် မည် ဖြစ်ကြောင်း သတင်းရရှိသည်။ နာကာတာသည် ဩဂုတ်လ ၁၉ရက်မှ၂၂ရက်အထိရန်ကုန်မြို့သို့လာရောက် လည်ပတ် မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်နှင့် လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါခရီးစဉ်ကို စီစဉ်သည့် Victory Radiance ထရေးဒင်းကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။
“နာကာတာရဲ့ မြန်မာပြည်လာတဲ့ ခရီးစဉ်အတွင်းမှာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နဲ့ဩဂုတ်လ၂၀ရက် မှာ တွေ့ဆုံဖို့ရှိပါတယ်။အဲဒီနေ့မှာ နေ့လယ်စာအတူတူစားဖို့စီစဉ်ထားပြီး မြန်မာလူငယ်အသင်းတွေရဲ့
လေ့ကျင့် ရေးအစီအစဉ်တွေကို လိုက်လံ ကြည့်ရှုဖို့ ရှိပါတယ်”ဟု ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက
ဆိုသည်။ နာကာတာနှင့်အတူ ဂျပန်နိုင်ငံမှ မီဒီယာအဖွဲ့ဝင်များလည်း ပါဝင်လာမည်ဖြစ်ပြီး ၄င်းခရီးစဉ်အား မှတ်တမ်းယူသွားမည် ဖြစ်ကြောင်း လေးရက်တာကြာမြင့်မည့်ခရီးစဉ်အတွင်းရန်ကုန်မြို့တစ်မြို့
တည်း၌သာလည်ပတ် သွားမည်ဖြစ်ကြောင်း ခရီးစဉ်စီစဉ်သည့်ကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။
ဂျပန်လက်ရွေးစင် ကွင်းလယ် ကစားသမားဟောင်း နာကာတာသည် ၂၀ဝ၇ ခုနှစ်က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပြီး သရုပ်ပြခြေစမ်းပွဲကစားခဲ့ဖူးသည်။ ဒုတိယအကြိမ်မြောက် ယခုခရီးစဉ် အတွင်းမူ သရုပ်ပြခြေစမ်းကစားမည့်အစီအစဉ် လောလောဆယ်တွင် မရှိသေးကြောင်းနှင့် လက်ရွေးစင် လူငယ်အသင်းများ၏ လေ့ကျင့်မှုများကိုသာ လိုက်လံကြည့်ရှုသွားရန်ရှိကြောင်း သတင်းရရှိသည်။
ဗိုလ်ဗိုလ်ဝင်း 7 Day News မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment