Sunday 12 August 2012

ဒူဘိုင်းမှ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသောမောင်းသူမဲ့ ခေတ်မီ ရထားကွန်ရက် (သတင်း/ဓါတ်ပုံ)

 

 
ဒူဘိုင်းမြေမအောက်ရထားစနစ်သည်ကမ္ဘာပေါ်တွင်အရှည်လျားဆုံးသောအလိုလျောက်စနစ်သုံးမောင်းသူမဲ့
 ခေတ်မီရထားကွန်ရက်ဖြစ်သည်။ဒူဘိုင်းရထားစနစ်သည်မြို့တော်၏အလယ်တွင်မြေမအောက်သို့ ဝင်ရောက်သွားပြီးအချို့သော နေရာများတွင် မြေပြင်ပေါ်သို့ ပြန်လည်ထွက်ပေါ်လာကာ ကောင်းကင်တံတားဖြင့်
 မြို့ပေါ်မှ ဖြတ်သန်းပြေးဆွဲသည်ကို တွေ့ရသည်။
 
၃၂.၄ မိုင် (၅၂.၁ ကီလိုမီတာ ရှည်လျားသော) ပထမ လမ်းပိုင်းကို ၂၀၀၉ ခုနှစ် ၉ လပိုင် ၉ ရက်နေ့ ညပိုင်း ၉ နာရီ ၉ မိနစ် ၉ စက္ကန့် အချိန်တွင်စတင်ဖွင့်လှစ်ခဲ့ပြီးစတင်ဖွင့်လှစ်သည့်၂ရက်အတွင်းမှာပင် ဒူဘိုင်း လူဦးရေ၏ ၁၀ရာခိုင်းနှုန်းစီးနင်းခဲ့ကြသည်ဟုသိရသည်။ခေတ်မှီလှပသောရထားဘူတာများစင်္ကြန်များ ရထားတွဲများအားလုံးတွင်လေအေးပေးစနစ်များအပြည့်အဝတပ်ဆင်ထားပြီးစင်္ကြန်နှင့်ရထားကြား ရထားရပ်မှသာပွင့်နိုင်သောPlatformscreendoorsများတပ်ဆင်ထားသည်။စုစုပေါင်းကုန်ကျစရိတ်အမေရိကန်ဒေါ်လာ၇.၈ဘီလီယံ(ဒေါ်လာသန်း၇၈၀၀)ကုန်ကျပြီး အပြည့်အစုံပြီးစီးပါကစုစုပေါင်းလမ်းအရှည်၄၃.၃မိုင်(၆၉.၇ကီလိုမီတာ)ရှည်လျားမည်ဖြစ်ပြီးကမ္ဘာ့ အရှည်ဆုံး မောင်းသူမဲ့ ရထားစနစ် ဖြစ်လာမည် ဖြစ်သည်။

























































သုတ ကမ္ဘာ မှ သိသမျှ ။

1 comment:

  1. ၀ါးးးးးးးးးးးးးး စီးဖူးချင်တယ်

    ReplyDelete