Sunday, 19 August 2012

အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှ အာကာသသိပ္ပံစူးစမ်းရေးယာဉ်က ပထမဆုံးရောင်စုံ ကာလာဓာတ်ပုံကိုပေးပို့နိုင်ခဲ့

                            Curiocity စူးစမ်းရေးယာဉ်ကအင်္ဂါဂြိုဟ်မှ ပထမဆုံး ပေးပို့ခဲ့သောဓာတ်ပုံ

                                                        အာကာသသိပ္ပံစူးစမ်းရေးယာဉ်

ပြီးခဲ့သည့်တနင်္လာနေ့က အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ သက်ဆင်းခဲ့သည့် အာကာသသိပ္ပံစူးစမ်းရေးယာဉ်က ပထမဆုံးရောင်စုံ ကာလာဓာတ်ပုံကို ကမ္ဘာသို့ပြန်လည် ပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကမ္ဘာမြေမှမိုင်ပေါင်း ၃၅၂သန်းခန့်ကို ရှစ်လနှင့် ၁၁ရက်ကြာ ပျံသန်းခဲ့ပြီးနောက် စတင်ဆင်းသည့်အချိန်၌ အဖြူအမည်းဓာတ်ပုံကိုသာ ပေးပို့နိုင်ခဲ့သော်လည်း ယခုအခါကာလာရောင်စုံ ဓာတ်ပုံကိုပြန် လည် ပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ကွန်ပျူတာစနစ်များစွာဖြင့် ထိန်းချုပ်ထားသည့် Curiocity စူးစမ်းရေးယာဉ်သည်
၎င်းတွင်ပါဝင်သည့် လေဆာကင်မရာများမှ အရည်အသွေးကောင်းမွန်သည့် ရုပ်ပုံများကိုဓာတ်ကူးနိုင်ရန် အထောက်အပံ့ပေးခဲ့ခြင်းဖြစ်ပြီး ကျောက်တုံးများကို ဖောက်ထွင်းရိုက်ယူနိုင်သည့် အစွမ်းလည်းရှိကြောင်း သိရသည်။ နှစ် နှစ်ဝန်းကျင်ခန့်ကြာမြင့်ချိန်ရှိမည့် Curiocity၏ စူးစမ်းရှာဖွေခြင်းတွင် အဏုမြူ၏ စူးစမ်းရှာဖွေခြင်းတွင် အဏုမြူ၏ စွမ်းအင်ထောက်ပံ့မှုပိုင်းအတွက် များစွာအရေးကြီးကြောင်း သိရသည်။

 shwe myanmar journal မှ သိသမျှ ။

No comments:

Post a Comment