Sunday, 19 August 2012

တရုတ်နိုင်ငံမယ် မစ္စ Yu Wenxia ဟာ ၂၀၁၂ ခုနှစ်အတွက် Miss World သရဖူရရှိ (သတင်း/ရုပ်သံ)



တရုတ်နိုင်ငံမယ် မစ္စ Yu Wenxia ဟာ ၂၀၁၂ ခုနှစ်အတွက် Miss World သရဖူကို စနေနေ့ သြဂုတ်လ ၁၉ ရက်နေ့ က အောင်ပန်းဆင်ခဲ့ပါတယ်။ တရုတ်အလှမယ်ရဲ့ အလှတရားဟာ ပြိုင်ပွဲဝင်တွေကြားမှာ တကယ်ကို ထင်ရှားတဲ့ အလှနဲ့ တမူထူးနေခြားနေတာလည်း မြင်ကြရမှာပါ။ကမ္ဘာတ၀ှမ်းက လူသန်းပေါင်း ၁ ထောင်လောက်က နှစ်စဉ် အားပေးကြည်ရှု့ကြတဲ့ ပြိုင်ပွဲအစမှာ မွန်ဂို စစ်ရဲမက် ၀တ်စုံ ၀တ်ဆင်ထားတဲ့သူတွေက အုပ်စုလိုက် ကပြ ဖျော်ဖြေပွဲအပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၁၁၆ ဦးဟာလည်း စင်မြင့်ပေါ်မှာ နေရာ ယူထားချိန် ယမန်နှစ်က Miss World သရဖူ ပိုင်ရှင် ဗင်နီဇွဲလား အလှမယ် Ivian Sarcos က သူ့ရဲ့ သရဖူကို လွှဲပြောင်း ပေးခဲ့ပါတယ်။ဒီနှစ်ကျင်းပတာကလည်း ထူးထူးဆန်းဆန်း ပင်လယ်ကမ်းစပ်က
ကီလိုမီတာ ၇၀၀ လောက်ဝေးတဲ့ Ordos ဆိုတဲ့ မွန်ဂိုလီ ယားအတွင်းပိုင်းက လူသူ သိပ်မထူထပ်တဲ့ ကုန်းတွင်းပိုင်း ခြောက်သွေ့ဒေသတခုမှာ လုပ်ခဲ့တာပါ။ဒါပေမယ့် Ordos ဆိုတဲ့ နေရာဟာ နောင်တချိန်တော့ ဒူဘိုင်းဖြစ်လာမှာပါလို့ မှတ်ချက်ပေးပြောဆိုထား တာတော့ သတိ ထားမိစရာပါ။ ဒါကြောင့်လည်း Ordos လို နေရာမျိုးမှာ Miss World ပြိုင်ပွဲကို ကျင်းပခဲ့ တာလည်းဖြစ်ပါတယ်။ပထမရတဲ့ တရုတ်အလှမယ်ပြီးရင် ဝေးလ် က Miss Wales Sophie Moulds ဒုတိယ နေရာနဲ့ သြစီက Miss Australia Jessica Kahawaty တတိယနေရာတွေ အသီးသီး ရသွားကြတာပါ။





 

No comments:

Post a Comment