Monday, 20 August 2012

ပဲခူးတိုင်းအုန်းနှဲကျေးရွာနေအိမ်များရေမြုပ် (သတင်း/ရုပ်သံ)


ပဲခူးတိုင်းမှာ ဇူလိုင်လ နောက်ဆုံး အပတ်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းတဲ့ အပြင် ကဝမြို့နယ် မှာရှိတဲ့ ပိုင်ကျုံ ရေထိန်း တံခါးကို တာဝန်ရှိ သူတွေ အနေနဲ့ အချိန်မှီဖွှင့် မပေးခဲ့တာကြောင့် အနိမ့်ပိုင်း ကျေးရွာက အိမ်တွေ လယ်ယာတွေ ရေနစ်မြုပ် ခဲ့ရပြီး ဒေသခံ ကျေးရွာသား တွေမှာ ရေဘေး ဒုက္ခကြုံနေ ရတယ်လို့ သိရပါတယ်။

အုန်းနှဲ ၊ ပိုင်ကျုံ ၊ ကဝ ၊ ခမဲပင် ၊ ကျားတက် အပါအဝင် ရွာပေါင်း ၄၁ရွာ ကျော်မှ အိမ်တွေ နဲ့ ထောင်နဲ့ချီတဲ့ လယ်ဧက တွေ ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး အဓိကအားဖြင့် အုံးနှဲကျေးရွာမှာ အိမ်ခြေ ၇၀၀ လောက်ရေနစ်မြုပ်
ခဲ့ရသလို လူဦးရေ ၂၀၀၀ ကျော်ဟာ ရေဘေး ဒုက္ခတွေ ကြုံတွေ့နေရတာပါ။

အခု ရေဘေးဒုက္ခသည်တွေဟာ အုန်းနှဲကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းမှာပဲ ခိုလုံနေကြရပြီး အလှူရှင် တွေ လာရောက်လှူဒါန်းတဲ့ အစားအသောက်တွေကိုသာ စားသောက်နေရတယ်လို့လည်း သိရပါတယ်။

 အဲဒီရေဘေးဒုက္ခသည်တွေအတွက် ကိုညီညီဦးဆောင်တဲ့ တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေစုပေါင်းပြီး ဆန်အိပ် ၁၅ အိပ် ၊ ဆား ၂အိပ်နဲ့ ငွေကျပ် ၄ သိန်းကို သြဂုတ်လ ၁၇ ရက်နေ့ကသွားရောက်လှူဒါန်းသွားခဲ့ကြပေမယ့်လည်း အကူအညီတွေကတော့ ဆက်လက်လိုအပ်နေဆဲလို့ သိရပါတယ်။




BURMA VJ မှ သိသမျှ ။

No comments:

Post a Comment