Monday, 27 August 2012

အန္တရာယ်ရှိ အစိတ်အပိုင်းများပါဝင်၍ သြစတြေးလျတွင် တရုတ်နိုင်ငံလုပ်ကားများ ပြန်လည်သိမ်းဆည်း



`Asbestos´ ဟုခေါ်သော အန္တရာယ်ရှိ ဖိုင်ဘာအစိတ်အပိုင်းများ ကားအင်ဂျင်များတွင် ပါဝင်နေသည်ကို တွေ့ရှိရ၍ တရုတ်နိုင်ငံတွင် ဈေးပေါသော တရုတ်နိုင်ငံလုပ်ကားပေါင်း ၂၃,၀၀၀ ကိုပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ယင်းအစိတ်အပိုင်းများ ပါဝင်သောကားများ မည်ကဲ့သို့နိုင်ငံတွင်း ၀င်ရောက်လာသည်ကိုလည်း သြစတြေးလျကာ
းလုပ်ငန်း သမဂ္ဂများက မေးခွန်းထုတ်ကြသည်။

Chery နှင့် Great Wall ကားရောင်းချသူများအားလုံး အဆိုပါ ကားများအား ရောင်းချခြင်း ရပ်ဆိုင်းထားရန် ကားတင်သွင်းသည့်ကုမ္ပဏီ Ateco Aumotive ကညွှန်ကြားထားသည်။

Asbestos ဖိုင်ဘာများအား အင်ဂျင်ဂတ်စ်စကတ် (gasket) များနှင့် မီးခိုးစွန့်ထုတ်စနစ်များတွင် ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သြစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကော်မရှင် (ACCC) ကအဆိုပါကားများ သိမ်းဆည်းမှုကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ သြစတြေးလျနိုင်ငံသည် asbestos ပါဝင်သောပစ္စည်းများအသုံးပြုခြင်း နှင့် တင်သွင်းခြင်းကို ၂၀၀၄ ခုနှစ်မှစ၍ ပိတ်ပင်ထားကြောင်း သိရသည်။

အဆိုပါကားများအား သြစတြေးလျနိုင်ငံတွင်းသို့ တင်သွင်းခွင့်ပြုခဲ့ခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း သြစတြေးလျကုန်ထုတ်လုပ်ရေး အလုပ်သမားများ သမဂ္ဂ (AMWU) ကပြော ကြာသည်။
 
7day new face book မှ သိသမျှ ။
 

No comments:

Post a Comment