Monday, 27 August 2012

ရန်ကုန်တိုင်း ဒေသကြီး မထသလိုင်း ယာဉ်စီးကတ်ကို နိုင်ငံတကာပုံစံ ပြုလုပ်ဖို့ စီစဉ်



နိုင်ငံတကာသုံး ယာဉ်စီးကတ်ပုံစံကို မထသယာဉ်လိုင်း (ရန်ကုန်တိုင်း ဒေသကြီး)က ပြုလုပ်ဖို့ရှိတယ်လို့ သိရတယ်။ ၃၉ အထူးလိုင်းမှာ အရင်စမ်းသပ်မှာ ဖြစ်တယ်။ အခုလုပ်မယ့် နိုင်ငံတကာသုံး ယာဉ်စီးကတ်က ဂျင်းဘောင်းဘိအိတ်ထဲ၊ ပိုက်ဆံအိတ်တွေထဲက ထုတ်ပြီး ကတ်ဖြတ် စရာမလိုဘဲ သည်အတိုင်း စက်မှာ ကတ်ပြရုံနဲ့ ရတယ်လို့ သိရတယ်။ မထသမှ တာဝန်ရှိသူတစ်ဦးက “စက်ပစ္စည်းတွေကိုတော့ လာပြထားပြီး စမ်းသပ် ကြည့်ပြီးပြီ၊ လောလောဆယ်တော့ နည်းပညာတက္ကသိုလ် ကျောင်းသားတွေ ကျောင်းသားကတ်ကို
စမတ်ကတ်နဲ့လုပ်ပြီး အဲဒီကတ်မှာ ကုတ်နံပါတ် ထည့်တာမျိုးပေါ့” လို့ ပြောပါတယ်။ သူကပဲ သည်ကတ်နဲ့သုံးရင် အတက်မှာ ကတ်ဖြတ်ပြီး အဆင်းမဖြတ်မိရင် ကိုယ်ကနှစ်ရာခရီး စီးပေမယ့် သုံးရာ ဖြတ်သွားမှာပဲ။ (၃၉ အထူးလိုင်းမှာက ကျပ် ၂၀၀ ခရီးနဲ့ ကျပ် ၃၀၀ ခရီး ရှိပါတယ်) အဲသည်လို နှစ်ခါဖြတ်ရမှာဖြစ်လို့ အတက်၊ အဆင်းသီးသန့် ထားပေးပြီး စက်ကို အတက်နှစ်လုံး၊ အဆင်းနှစ်လုံး တပ်ဖို့ ရည်ရွယ် ထားတယ်လို့ ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

face book စာမျက်နှာများ မှ သိသမျှ ။

1 comment:

  1. ဆူးလေ-၀ါယာလက်သို့ ပြေးဆွဲနေသော ၂၃၁ ယာဉ်လိုင်း ၉ခ/၆၆၈၃ ဒရိုင်ဘာ
    BASTARD! ခွေးကောင်ဖြစ်ပါသည်။ မိန်းမလို မိန်းမရနဲ့ ခရီးသည်ကို တစ်ဖက်သက် ငေါက်ငန်းပြောဆို ခြိမ်းခြောက်ခဲ့ပါသည်။
    March 27, 2013 (၆နာရီဝန်းကျင်)

    ReplyDelete