Wednesday, 8 August 2012
ဦးသန့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးမယ့် ဒါရိုက်တာ ၀ိုင်း
ကမ္ဘာသိ ပုဂ္ဂိုလ်ကြီးများအတ္ထုပ္ပတ္တိတွေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေကို ဒီနေ့ခေတ်မှာ ပြန်လည်ခံစားနိုင်ဖို့ မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးနေကြချိန်မှာ အခုရိုက်ကူးဖို့ ပြင်ဆင်နေတာကတော့ ဦးသန့်အကြောင်း ဖြစ်ပါတယ်။
အာရှသားတွေထဲက ပထမဆုံး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန် ယူခဲ့သူ ဦးသန့်ရဲ့ အကြောင်း မှတ်တမ်းရုပ်ရှင် (Documentary) ရိုက်ကူးမယ့်သူကတော့ ဒါရိုက်တာ ၀ိုင်း ဖြစ်ပါတယ်။
“ကျနော်ကလည်း ငယ်ငယ်လေးတည်းက ဦးသန့်အကြောင်းတွေ ဖတ်ထားခဲ့တာဆိုတော့ ဦးသန့်ကို လေးစားတာလည်းပါတယ်၊ ပြီးတော့ ဒီလိုလူတယောက်ရဲ့သမိုင်းဟာ ငါတို့ နိုင်ငံမှာ
ရှိသင့်တယ်လို့လည်း ထင်လို့ ရိုက်ဖို့ စီစဉ်ဖြစ်တာပါ” တဲ့၊ ဒါရိုက်တာ ၀ိုင်းက ပြောပြပါတယ်။
ဦးသန့်ရဲ့ စာပေလိုက်စားမှု၊ ဒီလို စာပေလိုက်စားတဲ့အတွက် လူတော် တယောက်ဖြစ်လာနိုင်တယ်ဆိုတာကို ဒီနေ့ခေတ် ကလေးတွေ သိစေချင်တယ်၊ ဦးသန့် ရဲ့ သီလ၊ သမာဓိတို့ကို လူငယ်တွေ စံပြအနေနဲ့ သိရှိနိုင်ဖို့ ကျောင်းတွေမှာ ဒီအခွေကို ပြသမယ်လို့လည်း ပြောပါတယ်။
အရင် စစ်အစိုးရအဆက်ဆက်လက်ထက် မြန်မာပြည်မှာ ခြေရာဖျောက်ခံထားရတဲ့ ဦးသန့်အကြောင်း မှတ်တမ်းတင်ရုပ်ရှင်ဟာ ခန့်မှန်းခြေ ၂၀၁၄ လောက်မှ ပြီးစီးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော့်ရဲ့ တင်ပြချက် တစုံတရာ လွဲမှားသွားရင်၊ ပညာညံ့ဖျင်းသွားရင် ဒီ Documentary ဟာ လိုချင်သလောက် message မပေးနိုင်မှာလည်း ကြောက်တယ်။ အဲ့ဒီ တခုတော့ စိုးရိမ်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒါကို ရိုက်ခွင့်ရတဲ့အတွက်တော့ အရမ်းဂုဏ်ယူမိတာတော့ အမှန်ပါပဲ” လို့ ဒါရိုက်တာ ၀ိုင်းက ပြောပါတယ်။
ဧရာဝတီ မှ သိသမျှ ။
Subscribe to:
Post Comments (Atom)


အာပေးပါတယ် ၀ိုင်းရေ...
ReplyDeleteရိုက်ရင်တော့သေချာလေးဂရုစိုက်စေချင်ပါတယ်...
အခုခေတ်အသက် ၂၀ တမ်းအရွယ်တွေဦးသန့်ဆိုတာသိပ်မသိကြတော့ပါဘူး။
ဒါလည်း သူတို့တွေရဲ့အပြစ်လို့တော့ပြောလို့မရဘူးပေါ့...ဘာပဲဖြစ်ဖြစ်အခုလို
ပြန်လည်ဖော်ထုတ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါခင်ဗျာ...