(၁) Sun Screen နေလောင်ဒဏ်ခံ လိမ်းခရမ်
အရေး အကြောင်း၊ မှဲ့ခြောက်၊ မျက်နှာပေါ် က အစက် အပြောက်၊ လက်မောင်း လက်ဖျံအရေပြားပေါ်က အမည်းစက်တွေ၊ မြန်မြန်အိုမင်းလွယ် တာတွေ၊ ပါးရေတွန့်တာတွေ၊ နေ လောင်တာတွေမှ ကြိုတင်ကာကွယ် တဲ့အနေဖြင့် နေလောင်ဒဏ်ခံလိမ်း ခရင်မ်တွေကို သုံးလာကြပါပြီ။ အဲဒီ Sun Screen တွေလိမ်းလို့ တစ်နေ ကုန် ခံလိမ့်မယ်လို့ မတွေးလိုက်ပါနှင့်။ အများဆုံး ၂ နာရီလောက်သာခံပါ တယ်။ ဒီ့ထက် နေပူထဲ ကြာကြာနေ ရသူဖြစ်ရင် ၂ နာရီကြာတိုင်း ထပ် လိမ်းပေးရပါတယ်။ ဘယ်လောက် လိမ်းရမလဲဆိုတော့ နေရောင်နဲ့ တိုက် ရိုက်တွေ့တဲ့ အရေပြားရော၊ တိုက် ရိုက် မတွေ့ရတဲ့ အရေပြားပါ လိမ်း ရမှာမို့ လိုသလောက် လိမ်းရပါတယ်။ နည်းနည်းလိမ်းလို့ အကျိုးမရှိစေပါဘူး။
(၂) ခေါင်းလျှော်ရည်
သင့်ဆံနွယ်လေးတွေ ပိုးသား လေးလို နူးညံ့တောက်ပြောင်လှပလာ စေဖို့ ရှန်ပူခေါင်းလျှော်ရည် အမျိုး အစားကောင်းကောင်းလေးတစ်ခုတော့ ရင်းနှီးရပါမယ်။ ရှန်ပူတစ်ပုလင်း မဝယ် ခင် အဲဒီခေါင်းလျှော်ရည်ရှန်ပူကို ဘာနှင့်ထုတ်လုပ်ထားတာလဲ၊ ဘယ် လိုသုံးရမလဲ၊ မိမိဆံပင်အမျိုးအစားနဲ့ ကိုက်တဲ့ ခေါင်းလျှော်ရည်လား၊ ဥပမာ ဒီရှန်ပူက ပုံမှန်ဆံပင်အတွက်၊ ခြောက် သွေ့ကြမ်းတမ်းတဲ့
ဆံပင်အတွက် ဒါမှ မဟုတ် အဆီများတဲ့ ဆံပင်အတွက်ဆို တာမျိုး ရွေးချယ်ရပါတယ်။ ဒီ့ပြင် မိမိ ရဲ့ ဦးရေပြား အမျိုးအစားနဲ့ရော ကိုက် ညီသင့်တော်မှာလားဆိုတာ ရွေးချယ် ရပါတယ်။ မသိရင် အရောင်းကောင် တာက အရောင်းဈေးသည်မလေးတွေ က စိတ်ရှည်လက်ရှည် ရှင်းပြပါလိမ့် မယ်။ တစ်ခါတစ်ရံ အချိန်မရလို့မြန် မြန် လျှော်ရရင် မြန်မြန်ခြောက်ရဲ့ လား၊ အချိန်ပေးလျှော်ရတာလား မေးပါ။ သူတို့ဖြေပါလိမ့်မယ်။
(၃) ဆံပင်ပျော့်ဆေး
လူတိုင်းဟာ မိမိတို့ရဲ့ ဆံနွယ် လေးတွေ ပျော့ပျောင်းပြီး လိုရာပုံသွင်း လို့ ရတာမျိုး ဖြစ်ချင်ပါတယ်။ သင့်ရဲ့ ဆံပင်နဲ့ ဦးရေပြားအမျိုးအစား၊ ဆံပင်စတိုင်လ် (ဥပမာ-ကောက်ထား လား၊ ဖြောင့်ထားလား သို့မဟုတ် ဆေးဆိုး ထားတာလားပေါ်မူတည်ပြီး မိမိဆံပင်ရဲ့ လိုအပ်ချက်နှင့်အညီ တစ်ပတ်တစ်ခါ ခေါင်းလျှော်၊ ဆံပင် ပျော့ဆေးသုံးရတာတို့၊ တချို့က တစ် ပတ်မှာ ၂ ကြိမ်လောက် ခေါင်းလျှော် ဆံပင်ပျော့ဆေးသုံးရတာတို့ရှိပါတယ်။ ဒါမှသာ ဆံပင်ရဲ့ လိုအပ်တဲ့ အာဟာ ရ ဓာတ်တွေ၊ သန်စွမ်းမှုနဲ့ စိုလက်မှု တွေ ပေးစွမ်းနိုင်စေပါတယ်။
(၄) မိတ်ကပ်ဖျက်ဆေး
အိမ်ပြန်ရောက်လို့ မိတ်ကပ် မဖျက်ဘဲ အိပ်မိရင် ကိုယ့်အသား အရေကို ကိုယ်ကိုယ်တိုင် ဖျက်ဆီးသူ ဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆို တော့ မျက်နှာပေါ်မှ မိတ်ကပ်အြွကင်း အကျန်တွေက အရေပြားထဲ၊ မျက်နှာ ပြင်က မွေးညင်းပေါက်အဝတွေကို ပိတ်ဆို့လိုက်လို့ အထဲမှာ အဆီနဲ့ အညစ်အကြေးတွေစုပြီး အရေပြား ပြဿနာတွေ တက်လာစေနိုင်ပါတယ်။ ဝက်ခြံပေါက်ရတဲ့ အဓိကတရားခံဟာ မျက်နှာ အရေပြားရှိ မွေးညင်းပေါက်ဝ မှာ မသန့်ရှင်းဘဲ ဆို့ပိတ်နေမှုတွေ ကြောင့် ဖြစ်တယ်။ ဒါကြောင့် မှန်မှန် မျက်နှာသန့်စင်ပေးရန်လိုပါတယ်။ မိတ်ကပ်သုံးသူတွေ၊ ပေါင်ဒါရိုက်သူ တွေအဖို့ မိတ်ကပ်ဖျက်ဆေးခေါ် Make up Remover ဝယ်သုံးရပါ မယ်။
(၅)မျက်လုံးလေးတွေလှအောင်သုံးရမယ့် ခရမ် (Eye Cream)
မျက်လုံးလေးတွေဟာ လူတစ် ယောက်ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြ ပါသတဲ့။ ဒီ့ပြင် လူတစ်ယောက်အိုပြီ လား၊ နုပျိုနေတာလားဆိုတာကိုလည်း ပြသနိုင်ပါတယ်။ မျက်စိထောင့်နဲ့ မျက်ခွံတွေပေါ်မှာ ထင်ဟပ်လာတဲ့ အရေးအကြောင်းတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ပေးပါမှ နုပျိုစေမှာ ဖြစ်တယ်။ အိုင်းခရင်မ်တွေ သုံးပေး ခြင်းဖြင့် သင့်ကို နုပျိုစေပြီး အရေး အကြောင်းတွေ မှိန်သွားစေ၊ လျှော့ချ စေနိုင်တယ်လို့ အလှပညာရှင်တွေက အခိုင်အမာ တင်ပြနေကြပါတယ်။
(၆) BB Cream တဲ့
ယခုအခါ တစ်ပုလင်းထဲမှာ အစုံ အလင်လုပ်ပေးနိုင်တဲ့ အလှကုန်တစ် မျိုး ပေါ်လာပါပြီ။ ၃ ငည ၁ ကော်ဖီမစ်လို ပါပဲ။ အဲဒီ အလှကုန်ထဲမှာ အစို ဓာတ်ခံသတ္တိရော၊ ဖောင်ဒေးရှင်းရော၊ တုန်နာရော၊ Primer ရော 5 in 1 ရောသမမွှေထားတဲ့အတွက် တစ်ပု လင်းဝယ်ရုံဖြင့် တစ်ခုချင်းလိုက်ဝယ် စရာ မလိုတော့ဘူးပေါ့။ ဘာကြောင့် လဲဆိုတော့ မျက်နှာပေါ်ရှိ အစက် အပြောက်တွေကိုပါ ဖုံးသွားအောင် လုပ်ပေးနိုင်လို့ဆိုပဲ။
(၇) ကွန်စီလာ (Concealer)
ကွန်စီလာခေါ် မိတ်ကပ်ကတော့ ဖောင်ဒေးရှင်းခံပြီးရင် သုံးလေ့ရှိတာမို့ မျက်နှာပေါ်က မျက်ခွံအတွန့်တွေ၊ မျက်စိဘေးထောင့်က အတွန့်တွေကို ဖုံးကွယ်ထားနိုင်ပါတယ်။ မျက်ကွင်း ညိုတာ၊မျက်နှာပေါ်ကအစက်အပြောက် များ၊ ဝက်ခြံလေးများနဲ့ မျက်နှာပေါ်က နီနီပြောက်လေးတွေကို ဖုံးကွယ်ထား ပေးဖို့ ခေတ္တခဏ အသုံးခံနိုင်တယ် လေ။
(၈)ပါးနီနဲ့ ဆိုးမယ့် ဘရပ်ခ်ျ ကြီး တစ်ခု
ပါးအိုးလေးနှစ်ဖက်ပေါ်လွင် တောက်ပလာစေဖို့ပါးနီနဲ့ ဘရပ်ခ်ျ ကြီးကြီးတစ်ခုတော့ လိုတယ်။ ပါးနီ လိမ်းနိုင်တဲ့အပြင် အားလုံးလိမ်းပြီး မျက်နှာပေါ် ပေါင်ဒါ ထပ်တင်တဲ့အခါ သူကပိုပြီးအသုံးကျတယ်။ ဘရပ်ခ်ျ ကြီးတော့ အားရပါးရ အပြီးသတ်ချယ် လို့ကောင်းတယ်။
(၉) နှုတ်ခမ်းဆိုးဆေးတောင့်များ
ဒါကတော့ ဆယ်ကျော်သက် တွေအဖို့ ကြိုက်နှစ်သက်တဲ့ အရောင် လေးတွေ ဝယ်ထားပါ။ ဝတ်မယ့် အဝတ်အစားနှင့် လိုက်အောင်ဆိုးပါ။ Lip Gloss ၊ Lip Blam ၊ Lip Stick အစုံ ရှိတယ်။ ဒါတော့
အမျိုးသမီးတိုင်း သိပြီးသားမို့ အများကြီး ဖော်ပြစရာ မလိုပါ။
(၁၀) မက်စ်ကာရာ
မျက်တောင်ကော့ဆေးလို့ လူသိ များတဲ့မတ်စ်ကာရာကို ဘယ်လိုသုံးရ မလဲဆိုတာ မကြာခဏဖော်ပြပေး ပြီးသားမို့ အထူးပြောစရာမရှိပါ။ ပေါ့ ပေါ့ပါးပါး တစ်ထပ်လောက်တင်ပါ။ ဒီ့ထက်လှချင်ရင် နောက်ထပ်တစ်ထပ် ထပ်တင်လိုက်ပါ။
ကျန်းမာရေး နှင့်ဆေပညာ ဂျာနယ် မှ သိသမျှ ။

No comments:
Post a Comment