Thursday, 16 August 2012

လန်ဒန်အိုလံပစ်ပွဲးမှာ မြန်မာဆိုင်းအဖွဲ့ အာရှတူရိယာ သံစုံတီးဝိုင်းအဖြစ် ချီးကျူးခံခဲ့ရ


လန်ဒန်အိုလံပစ် အားကစား ပြိုင်ပွဲမှာဖျော်ဖြေခဲ့တဲ့ မြန် မာ့ဆိုင်းဝိုင်း ပါဝင်ဖျော်ဖြေ ခွင့်ရ ခဲ့ရာ ကမ္ဘာတွင် ပထမဆုံး ဆိုရ လောက်သော အာရှ တူရိယာ သံစုံ တီးဝိုင်း ဟု အများက အသိ အမှတ်ပြုခဲ့ကြောင်း ပါဝင် ဖျော်ဖြေခဲ့သော သီရိမောင်မောင် ဆိုင်းဝိုင်းမှ ဆိုင်းဆရာ သီရိမောင်မောင်က ပြောသည်။ ”မျှော်လင့်မထားမိ တဲ့ အရေး တစ်ခုပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ပါဝင်ခွင့်ရခဲ့တာကို အရမ်းဝမ်းသာ မိပြီး မြန်မာ့ ဆိုင်းဝိုင်းကို ကမ္ဘာသိ အောင် ဖျော်ဖြေခွင့်ရခဲ့တာကို အင်မတန်မှ ဂုဏ်ယူ ရပါတယ်” ဟု ၄င်းက ပြောသည်။ အဆိုပါ အိုလံပစ်ပွဲတွင် လန်ဒန်မြို့ ရှိ သိန်းမြစ် ကမ်းဘေးရှိ စတိတ်စင် ၆ ခုတို့တွင် မိတ်ဆက် တီးလုံး
အနေဖြင့် မြန်မာစံတော်ချိန် တီးလုံးကို အခြားအာရှဂီတတူရိယာ များနှင့် တွဲဖက်ဖျော်ဖြေခဲ့ပြီး အခြား အာရှနိုင်ငံများမှ သီချင်း ၆ ပုဒ်ကို လည်း အတူ တွဲဖက်တီးမှုတ်ပေးခဲ့ ကြကြောင်းနှင့် ပရိသတ်များ အထူး စိတ်ဝင်စား အားပေးခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် မြန်မာ့ဆိုင်းဝိုင်း နှင့် စောင်းကို ဆိုင်းဆရာ သီရိ မောင်မောင်က တီးခတ်ခဲ့ပြီး ပတ္တလားကို သားဖြစ် သူ ဝေယံ မောင်မောင်က အတူတကွ တီးခတ်ဖျော်ဖြေခဲ့ ကြောင်း သိရသည်။

Nopular New မှ သိသမျှ ။

No comments:

Post a Comment