Tuesday, 21 August 2012
အေးမြတ်သူရဲ့ စင်ကာပူ ဖျော်ဖြေရေး အတွေ့ အကြုံ
စင်ကာပူကို ဖိုးချစ်၊ ခင်လှိုင်၊ဒိန်းဒေါင် တို့နဲ့အတူ ဖျော်ဖြေရေး အဖြစ် ဇူလိုင်လ ၂၈ရက်နေ့က သွားရောက် ခဲ့တဲ့ အေးမြတ်သူက သြဂုတ်၂ရက်နေ့ မှာ ပြန်ရောက် ခဲ့ပြီး 'အလတ်ကောင်' ဆိုတဲ့ဇာတ်ကားကို မောင်နဲ့ ရိုက်ကူးနေ ပါတယ်။
ဖျော်ဖြေရေး ခရီးစဉ်မှာ လည်းပရိသတ်တွေ အားပေးမှုကြောင့်၊ အစစ အရာရာအဆင်ပြေခဲ့တယ်လို့ဆိုတဲ့ အေးမြတ်သူက''နိုင်ငံခြား ကိုသွားပြီး ကိုယ့် ယဉ်ကျေး မှုကို ပြရတယ်။ ခေတ်ဆန်တာ မဟုတ်ဘဲ ကိုယ့်ယဉ်ကျေးမှုကိုလည်း ကြိုက်ကြတယ်။ အငြိမ့်အပြင် တေးသရုပ်ဖော် ပုံစံပါလုပ်ရတာ။ ဒီလို တင်ဆက်ကပြရတာ တအားကျေနပ်တယ်။ တေးသရုပ်ဖော်က 'ဘွန်တော'ဆိုတဲ့ တေး။ မနက်စောစော ဆွမ်းထချက်ပြီး
ဆွမ်း လောင်းတဲ့ ရွာသူလေး။ နောက်တစ်ခုက ပုသိမ်ထီးလေး နဲ့ကရတာ။ အမှတ်တရက ကိုဖိုးချစ် ဖျော်ဖြေတာလွန်သွားတဲ့အတွက် ပွဲအချိန် တွက်ထားတာထက် ပိုကြာသွားတယ်။ လာကြည့်တာက မိသားစုတွေလာ ကြည့်တာ များတယ်။
အသက်၃ဝကျော်၊ ၄ဝ အရွယ် အမျိုးသမီးတွေ များတော့ ကိုယ့်ရဲ့ အဒေါ်အရွယ်တွေပေါ့။ကိုယ်က မြန်မာလို ဝတ်ထားတော့ သူတို့တွေက သဘောကျကြတယ်။ လူကြီး တစ်ယောက်အမြင်မှာ မရိုင်းဘူးပေါ့''လို့ပြောပြပါတယ်။ မင်းသမီး တစ်ယောက် အနေနဲ့ သွားတာထက် မြန်မာ့ယဉ်ကျေးမှုကို သရုပ်ဖော်တဲ့ အနေနဲ့သွားရတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိတယ်လို့ ပြောပြလာတာကြောင့်'' နောက်လည်းအခါအခွင့်သင့် လို့ မြန်မာမှုနဲ့ပဲ ဖျော်ဖြေခွင့်ရရင် ဖျော်ဖြေပါဦးမယ်။ကိုယ်လည်း နိုင်ငံခြားသွားပြီးတော့ကရတာမှာ တအား အကကောင်းတဲ့ အထဲမှာမပါပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးသင်တယ်။သင်တာလည်းနှစ်တွေ မကြာသေးတော့ သင်ရင်း၊ ကရင်းနဲ့ပဲပေါ့။ အမှားနည်း အောင် ကြိုးစားပြီး ဖျော်ဖြေတယ်။ ပြည်ပကို ကိုယ့်မြန်မာ ယဉ်ကျေးမှု အကနဲ့သွားဖျော်ဖြေရတဲ့ အတွက် တအား ဂုဏ်ယူတယ်'' လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်,Popular news မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment