Tuesday, 21 August 2012
ရန်ကုန်ဆိပ်ကမ်းကိုနိုင်ငံတကာအဆင့်မီတည်ဆောက်ရန်လုပ်ငန်းရှင်များကိုဝင်ရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ပြီ
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရန် ဆိပ်ကမ်းလေးခု၏ ဒီဇိုင်းပုံကြမ်းများဖြင့် လုပ်ငန်းရှင်များကို ၀င်ရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ၉-၈-၂၀၁၂ရက်က ပြုလုပ်သည့် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအား Joint Venture/BOT စနစ်များဖြင့် လုပ်ကိုင်ခွင့်ပြုမည့် ဆိပ်ကမ်းနေရာများမှာ (၁)ရန်ကုန်ဆိပ်ကမ်း လမ်းမတော်နယ်မြေ(ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းလမ်းကြား)၊ (၂) ဆူးလေဆိပ်ခံတံတား အမှတ် ၁၊ ၂၊၃၊ ၄၊ (၃) ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံတံတား၊ (၄) ဗိုလ်တထောင်ဆိပ်ကမ်းတို့ဖြစ်ကြောင်း၊ ထိုနေရာများတွင် နိုင်ငံတကာအဆင့်မီ
ခရီးသွားဆိပ်ကမ်းများ၊ ခေတ်မီစီးပွားရေး အဆောက်အအုံများ၊ ဈေးဝယ်စင်တာများ၊ ခရီးသွားများ အပန်းဖြေနားနေနိုင်မည့် အပန်းဖြေစခန်းများ ထည့်သွင်ဆောက်လုပ် ရမည်ဖြစ်ကြောင်း သိရသည်။
''ဒီနေရာလေးခုမှာ လမ်းမတော် နယ်မြေမှာဆိုရင် နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းအဖြစ်နဲ့ ပြုပြင်ပြောင်းလဲတည်ဆောက်ရမယ်။ ပြီးတော့ နောက်ခံမြေဧရိယာပေါ်မှာ ခေတ်မီစီးပွားရေး အဆောက်အအုံ တည်ဆောက်တာတွေ လုပ်ရမယ်။ဒီလိုဆောက်လုပ်နေတဲ့ အချိန်မှာလည်း လက်ရှိလုပ်နေတဲ့ သမ္ဗန်၊ ကူးတို့တွေ၊ ကုန်တင်ကုန်ချလုပ်ငန်းတွေ အပါအ၀င် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို မပျက်စေဘဲ ဆောက်လုပ်ရမှာ ဖြစ်တဲ့အတွက် လုပ်ငန်းအသေးစိတ်ကို ရေးဆွဲတင်ပြဖို့လိုတယ်''ဟု ၄င်းက ပြောကြားသည်။ ထိုရှင်းလင်းပွဲတွင် လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်မည့် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
shwe myanmar journal မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment