Tuesday, 7 August 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို ထပ်မံသွားရောက် (သတင်း/ရုပ်သံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူး မြို့နယ်ကို သွားရောက်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ဦးဆုံး ကော့မှူးမြို့နယ်က မဟာဝိဇ္ဇောဒယ ကျောင်းတိုက်ဆရာတော်ကို သွားရောက်ဖူး မျှော်ခဲ့ပြီး အဲဒီမှာပဲ ကော့မှူးမြို့နယ်က အဖွဲ့ချုပ်
အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတာပါ။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ကို သွားရောက်ပြီး သင်တန်းသားအချို့နဲ့ တွေ့ဆုံခဲ့သလို ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး ကိုသွားရောက်ပြီး တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။




BURMA VJ မှ သိသမျှ ။

No comments:

Post a Comment