Tuesday, 7 August 2012

စက်မှုဇုန်ထုတ်ဂျစ်ကား တစ်စီး ကျပ် ၂၅ သိန်း၊ သိန်း ၃၀




ယခုအခါ စက်မှုဇုန်ထုတ်ဂျစ်  ကားတစ်စီးကို ကျပ် ၂၅ သိန်း၊ သိန်း ၃၀ နဲ့လက်တင်မောင်းဝယ်   ယူလို့ရကြောင်းနှင့် တစ်နှစ်တာ ကာလအတွင်းမှာ ကားနဲ့ ပတ်သက်  တဲ့ မူဝါဒတွေအမျိုးမျိုးချမှတ်ပြီး နောက်ပိုင်း ကားဈေးတွေ အလဲ လဲအပြိုပြိုဖြစ်ခဲ့ရာက နောက်ဆုံး  မှာ ယခုဈေးဖြစ်ခဲ့ကြောင်း သိရှိရ သည်။


ဇုန်ထုတ်ဂျစ်ကားတွေဟာ တူးစီ၊ သရီးစီစတဲ့ ဂျပန်အင်ဂျင် တွေတပ်ဆင်ထားတာဖြစ်ပြီး ကား နံပါတ်တွေက (၂၈/-) (၃၈/-) စတဲ့ နံပါတ်တွေနဲ့ ထုတ်ပေးထား တာဖြစ်ဖြစ်ပါကြောင်း၊ ဇုန်ထုတ် ဂျစ်ကားတွေ ဈေးကောင်းစဉ်က သရီးစီအင်ဂျင်တင်ထားတဲ့ ဂျစ်ကား   တစ်စီးကို ကျပ် ၁၀၀ တန်းကျင်
အထိ ဈေးပေးခဲ့ကြရကြောင်း သိရသည်။
ကားဝယ်ရောင်းတစ်ယောက်   က ကားဝိုင်းမှာ လာထိုးထားတဲ့ ဇုန်ထုတ်ဂျစ်ကားတစ်စီးကို မေးငေါ့  ပြရင်း ယခုလိုပြောကြားရာတွင်   “အဲဒီကားဆိုရင် အင်ဂျင်နဲ့ ဂီယာ   ဘောက်စ်တင် ၁၇ သိန်းလောက်  တန်တယ်၊ ဒါပေမဲ့ လက်ရှိကား  ပေါက်ဈေးအရ ၂၅ သိန်းဝန်းကျင်  ပဲ ရနိုင်တယ်”လို့ဆိုသည်။ စက်မှု ဇုန်ထုတ်ကားတွေက ဖျက်သိမ်း ယာဉ်ထဲ မပါဝင်တာကြောင့် ဈေးကွက်မ၀င်တာဖြစ်တယ်လို့  ၀ယ်ရောင်းအချို့က ပြောကြား  ချက်အရ သတင်းရရှိသည်။

hoot new သတင်း ဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment