Thursday, 30 August 2012

ဒေါ်လာ တစ်သန်းခြောက်သောင်း တန်ဖိုးရှိတဲ့ဆွီဒင်ထုတ်ပြိုင်ကား Koenigsegg Agera R


ဆွီဒင် car manufacturer ဖြစ်တဲ့ Koenigsegg မှထုတ်လုပ် တဲ့ Koenigsegg Agrea R ကို လူသိများပါ တယ်။ ဘာလို့လဲဆို Agrea R ဟာ ကမ္ဘာ့ဈေးကြီးကား ၁၀စီးစာရင်း မှာ နံပါတ် ၃ အဖြစ် တည်ရှိနေလို့ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ တစ်သန်း ခြောက်သောင်း တန်ဖိုးရှိတဲ့ Agera R ဟာ Koenigesgg ထုတ်သမျှထဲမှာ အကောင်းဆုံး နဲ့အမြန်ဆုံး ကားလို့လည်းဆိုကြပါတယ်။ top speed တစ်နာရီ ၂၆၁ မိုင်ပြေးတယ်လို့ ဆိုထားပေမယ့် ထုတ်လုပ်သူအင်ဂျင်နေယာတို့က စပယ်ရှယ်တာယာ များအသုံးပြုထားတဲ့အတွက် တစ်နာရီ ၂၇၃ မိုင်အထိမောင်းနှင်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၅လီတာ တာဗိုနှစ်လုံးပူး V ၈လုံးအင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေအား ၁၁၀၀ ကျော်ရှိပါ တယ်။ ဆီကို ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်ပြီး ဘိုင်အိုဆီနဲ့ ပိုမိုသင့်တော်တယ်လို့ ထုတ်လုပ်သူတို့ကို recommend ပေး
ထား ပါတယ်။ ၁၉လက်မအချင်းရှိတဲ့ ရှေ့ဘီးဟာ အလူမီနီယံဖြစ်ပြီး သူ့ကို ၁၅.၆လက်မကြွေဘရိတ်နဲ့ ထိန်းချုပ်ပါတယ်။ နောက်ဘီး ကတော့ လက်မ ၂၀ ရှိတဲ့ အလူမီနီယံဖြစ်ပြီး ပစ်စတင် ၆လုံးပါရှိတဲ့ ဘရိတ် caliper နဲ့ထိန်းချုပ်ပါတယ်။  အရှိန် ဘယ်လောက် တင်ပြီးမောင်းမောင်း  အန္တရာယ်ကင်းစေမယ့် Control system ပါရှိတဲ့ နှစ်ယောက်စီး ပြိုင်ကားဖြစ် ပါတယ်။ ဂီယာ ၇ချက်ထိုး အော်တိုမဟုတ်ပဲ ကလပ် (Clutch) ထိုးဂီယာ အမျိုးအစား ဖြစ်ပါတယ်။

Agera R ကို ၂၀၁၁ခုနှစ်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အစီးရေသိပ်များများစားစားမရှိပါဘူး။ ၂၀၁၂ အမေရိကန် ဂျနီဗာ ကားပြပွဲမှာ ၂၀၁၃ခုနှစ်နဲ့ကိုက်ညီမယ့် Agera R ကိုမိတ်ဆက်ပြသခဲ့ပါသေးတယ်။ မော်ဒယ်အသစ်မဟုတ်ပဲ ယခင် Koenigsegg Agera R ကို Update လုပ်ထားခြင်းဖြစ်ပြီး အော်တိန်းဆီနဲ့ ပိုမိုသင့်တော်တဲ့ အင်ဂျင်ဖြစ်အောင် အဆင့်မြင့်လိုက်ခြင်းဖြစ်ပါတယ်။






Techspac journal မှ သိသမျှ ။

No comments:

Post a Comment