Wednesday, 29 August 2012
နှလုံးသား လမ်း ကြောင်းမှာ ကျွန်းခံနေတယ် ဆိုတဲ့ ရတနာမိုင်
အမေတူ သမီးလေး ဖြစ်တဲ့ ရတနာမိုင်ဟာ ဆိုရင် သူ လျှောက်လှမ်းတဲ့ အနုပညာ လမ်းကြောင်းပေါ် အချစ်ရေးကို ဦးစား မပေးပါ ဘူးလို့ ဆိုလာပါတယ်။ သူ့မဟာ ဂီတ သမိုင်းကြောင်းကို အမေ “မိုင်” တုန်းကလို အေးချမ်းစွာနဲ့ တည်ဆောက်သွားမယ်လို့ ပရိသတ်ကြီးကို ရင်ဖွင့်ခဲ့ပါသေးတယ်။ ဒါကြောင့် သူမနဲ့ သူမ ကိုယ်တိုင် မိတ်ဆက်ပွဲ လုပ်ခဲ့တဲ့ ပရိုမိုးရှင်းပွဲလေးမှာ တွေ့ဆုံဖြစ်ခဲ့ပါသေးတယ်။
မိုင်လေးရဲ့ ပဖဗဘမ ဆိုတဲ့ တေးစီးရီးလေး ထွက်လာတော့ ဝမ်းသာပီတိလေးကို ပြောပြ ပေးပါဦး။
မိုင်လေး အရမ်းပျော်ပါတယ်။ အားပေး ကြတဲ့ ပရိသတ်တွေက အများကြီးပဲ ဆိုတော့ မိုင်လေး ဒူးတွေတောင် တုန်နေပါတယ်။
ဂီတအပြင်ရော မိုင်လေး ဘာတွေ ဆက် လုပ်သွားဖို့ရှိလဲ။
ဂီတအပြင် မိုင် လေးကြော်ငြာတွေ၊ ရုပ်ရှင်တွေရိုက်ဖို့ ရှိပါ တယ်၊ မိုင်လေးကို လည်း အဆိုတော်တစ် ယောက်လို့ မမြင်ဘဲ အား ပေး ကြ ပါ လို့ ပရိသတ်ကြီးကိုပြောင်း ချင်ပါတယ်။
အချစ်ရေးနဲ့ ပတ် သက်ပြီး တော့ ကောဘာများ ပြော ချင် ပါ သေးလဲ။
အဝေးကြီးပါ။ မိုင်လေးအချစ်ရေးကို စဉ်းစား လိုက်ရင် အလုပ်ကိုထိခိုက်မှာရယ်၊ နောက်ပြီး ဗေဒင် ဆရာကလည်း ဟောထားပါတယ်။ အချစ်ရေးမှာ ကံမကောင်း ဘူးတဲ့။
ဂီတကိုလည်း ဘာတွေဆန်းသစ်ဖို့ရှိလဲ။
မိုင်လေးဂီတကိုဒီထက်ကောင်းမွန်အောင် ဆက် ပြီး ထိန်းသိမ်းသွားမှာပါ။ ဆန်းဖို့ကတော့ အချိန်နဲ့ အခါပေါ်မှာ မူတည်ပါတယ်။ ပေးရင်ပေးသလို မိုင်လေး ဆန်းသစ်သွားမှာပါ။
မိုင်လေးဘဝမှာရော ဘယ်လို အခက်အခဲ တွေနဲ့ တွေ့ကြုံခဲ့ရလဲ။
အခက်အခဲတွေကတော့ များခဲ့ပါ တယ်။ ဒါပေမယ့် သေချာပြန်တွေးကြရင် အဲဒီအခက်အခဲတွေကပဲ ကိုယ့်ဘဝကို အား အင်တွေဖြစ်စေခဲ့ပါတယ်။ အခုတော့ အခက် အခဲမရှိသလောက် ဖြစ်သွားပါပြီ။
မအောင်မြင်ခင်က အခြေအနေနဲ့ မအောင်မြင်ခင် က အခြေအနေက ဘာတွေကွာခြားလဲ။
အတူတူပါပဲ။ မအောင်မြင်ခင်ကတော့ အခုအချိန်ထိ မရှိသေးပါဘူး။
ပရိသတ်ကိုကော မိုင်လေးအနေနဲ့ဘယ်လို စကားလက်ဆောင်လေးများ ပေးချင်သေး လဲ။
ပရိသတ်တွေ အားလုံး ကျန်းမာ ရွှင်လန်းကြပါစေလို့ပဲ ပြောချင်ပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါ တယ်။
Venus news journal မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment