Thursday 20 September 2012

မော်ဒယ်လောကသား လူငယ်များ အတွက် တင်မိုးလွင် ရဲ့ အကြံပေးစကား


အောင်မြင်ခြင်း နဲ့ ကျဆုံးခြင်း ဆိုတာ ဒွန်တွဲနေကြတာမို့ အောင်မြင် ကျော်ကြားမှု ရဲ့နောက်ကွယ်မှာ ကျရှုံးမှု ဆိုတာလည်း ပါလာတတ်စမြဲပါ။ အဲဒီ ကျရှုံးမှုကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ ကိုယ့်ကျ
င့် တရားကောင်း ဖို့၊ ဘုရား၊ တရားရှိဖို့၊ အသိပညာတွေ ရှိဖို့ လိုအပ်ပါတယ်လို့ မတင်မိုးလွင် ကပြောပါတယ်။ အနုပညာ မော်ဒယ်လောက မှာ နာမည် တစ်လုံးနဲ့ ရပ်တည်ခဲ့တဲ့ တင်မိုးလွင်ကို မေးမြန်းကြည့်တဲ့ အခါမှာတော့…
“မမိုးတို့ခေတ်က တစ်နှစ်သရဖူဆောင်း ပြီးရင် အခုချိန်ထိ ပရိသတ်တွေ မှတ်မိတယ်။ ကာယ အလှမယ် တင်မိုးလွင် ဆိုပြီးတော့လေ။ အခုခေတ်က သရဖူဆောင်းတာ တစ်နှစ်တည်း မှာ ဆယ်ယောက်ကျော်တယ်လေ။ ပြိုင်ပွဲ တွေလည်း လုပ်တာ များတာကိုး။ တချို့လည်း ဝေဖန်သံကို မခံစားနိုင်လို့ ဆက်မဆောင်းနိုင်တော့ဘဲနဲ့ အပြင်လောက ကို ရောက်သွား တာတို့၊ အိမ်ထောင်ကျ သွားတာတို့ ဖြစ်သွားတာပေါ့။ အခုခေတ် အခြေအနေ နဲ့ အချိန် အခါပေါ် မူတည်ပြီးတော့ မထိန်းနိုင်တာ များ တယ်။ တချို့ဆို တော်တော်လေးကို တော်ကြပါတယ်။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့်
ဆက်ပြီးတော့ မလုပ်ကြတော့ဘူး။ မီဒီယာလည်း ပံ့ပိုးမှုအားကောင်း လာ တယ်။ အခြေအနေတွေကို ရှောင်တိမ်းပြီးတော့ ကိုယ့်လိပ်ပြာ၊ ကိုယ့်ကိုယ်ကျင့်တရားနဲ့ ကိုယ့်ဂုဏ်သိက္ခာကို အရောင်မမှိန်အောင် လမ်းကြောင်း မှန်မှန်နဲ့ စနစ်တကျ ကြိုးစားပါ။ အလွယ်လမ်းကို မလိုက်စေ ချင်ဘူး။ အလွယ်တကူ နဲ့ ရရင် အလွယ်တကူ ဆုံးရှုံး ကျဆုံး တတ်တယ်။ ခေတ် ပွင့်လင်း လာပေမယ့် မာန်မာန ကင်းတဲ့ ယှဉ်ပြိုင် မှု ကို အသုံးချပြီး ယှဉ်ပြိုင် စေချင်ပါတယ်။ အောင်မြင်မှု ရဲ့ နောက်ကွယ် မှာ ကျရှုံးမှု ကတော့ ပါလာစမြဲပါပဲ။ ခက်ခက်ခဲခဲ နဲ့ အောင်မြင်လာရင် ဘယ်လိုမှ လွယ်လွယ် နဲ့ကျရှုံး မှာ မဟုတ်ဘူး” လို့ ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ပြိုင်ပွဲတွေ များလာတဲ့ အပေါ် မမိုး ရဲ့အမြင်ကို မေးကြည့်တဲ့ အခါမှာ “၂၁ ရာစု အတွင်း အနုပညာ လောကမှာ တကယ် စမတ် ကျတဲ့ ပညာရှင်တွေ အများကြီး လိုအပ်တာပေါ့။ နောက်ဆို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြိုင်ပွဲတွေ အများကြီးကို ယှဉ်ပြိုင် ရဦးမယ်။ ပြိုင်ပွဲတွေ လုပ်လာ တဲ့အခါ မှာ ရိုးသားစွာ ယှဉ်ပြိုင်ဖို့ လိုတယ်။ မမိုးတို့ခေတ်က အခွင့်အရေး တစ်ခါ ရဖို့ဆိုတာ သိန်းတစ်ထောင်ထီ ပေါက်သလိုပါပဲ။ စောင့်ရတယ်။ ပြိုင်ပွဲတွေ လုပ်လာတာ တအား ကောင်းတယ်လို့ မြင်တယ်။ အချိန်တွေ၊ ခွန်အားတွေ၊ ကြိုးစားမှု တွေနဲ့ ပေးဆပ်မှ စစ်မှန်တဲ့ အောင်မြင်မှုမျိုးကို ရမှာပါ။ ကိုယ်ကျင့်တရား၊ စိတ်ဓာတ် ခံယူချက် နဲ့ ဗဟုသုတတွေ ပြည့်ဝဖို့ ကြိုတင်လေ့လာ သင်ယူဖို့လည်း လိုအပ်တယ်။ လမ်းလျှောက်တတ်ရုံ နဲ့တော်တဲ့ မော်ဒယ်တစ်ယောက် မဖြစ်နိုင်ပါဘူး။ ဝါသနာကို အရင်းခံပြီး ပန်းတိုင် ရောက်အောင် ရိုးသားစွာ ကြိုးစား စေချင်ပါတယ်။ အများက စံနမူနာ ယူထိုက်တဲ့ လူတော်၊လူကောင်း၊ အောင်မြင်ကျော်ကြား တဲ့လူ ဖြစ်အောင်သာ ကြိုးစားစေချင်တယ်။ ကိုယ့်ရှေ့မှာ တကယ်ကို စံနမူနာ ယူထိုက်တဲ့ အနုပညာစိတ်ဓာတ် ရှိတဲ့သူတွေကို အတုယူစေချင်တယ်။ ကိုယ်လည်း ယှဉ်ပြိုင်မှု လုပ်တဲ့အခါ တစ်ဖက် သားကို ရိုးသားစွာနဲ့ ယှဉ်ပြိုင်ပြီး သရဖူကို ဆောင်းနိုင်တဲ့သူ ဖြစ်အောင်လည်း ကြိုးစား စေချင်တယ်။ ကိုယ့်အောင်မြင်မှုကို ထိန်းသိမ်း တတ်ဖို့ လိုအပ်တဲ့ အသိ ပညာတွေ ရှိဖို့ ရှာဖွေ ပါ”လို့ မတင်မိုးလွင်က ဒီနေ့ခေတ် မော်ဒယ် လောကသား လူငယ်လေးများကို အကြံပေး စကား ပြောပြခဲ့ပါတယ်။

ထူးထူး ပေါ်ပြူလာ မှ သိသမျှ ။

No comments:

Post a Comment