Thursday 20 September 2012

အိန္ဒိယရှိ ကမ္ဘာ့အကြီးဆုံး မော်တော်ဆိုင်ကယ်ကုမ္ပဏီက မြန်မာတွင်ရောင်းချရန် စီစဉ်


ကမ္ဘာ့အကြီးဆုံး ဆိုင်ကယ်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော အိန္ဒိယမှ HeroMotorCorpသည် မြန်မာနိုင်ငံတွင် ၄င်းတို့၏ ဆိုင်ကယ်များ၊ ဟိုက်ဘရစ်ကားများ၊ လျှပ်စစ်စက်ဘီးများကို မြန်မာဈေးကွက်တွင် ရောင်းချလိုနေကြောင်း ၁၂-၉-၂၀၁၂ရက်က သိရသည်။ ကမ္ဘာကျော်မော်တော်ဆိုင်ကယ် ကုမ္ပဏီကြီးများဖြစ်သော Yamaha, Hondaတို့ကလည်း မြန်မာနိုင်ငံတွင် ၄င်းတို့မော်တော်ဆိုင်ကယ်များကို လာရောက် ရောင်းချရန် စီစဉ်နေသည် ဟုသိရပြီး ဟီးရိုး(Hero) အနေဖြင့် ၄င်းတို့နှင့် ဈေးကွက်အပြိုင်ဝင်ရောက်လာမည့် အနေအထားဖြစ်ကြောင်း သိရသည်။ ''သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်တို့ကို ပစ္စည်းတွေဆက်ပို့နေသလို ဂွာတီမာလာကို အောက်တိုဘာလောက်နဲ့ နိုင်ဂျီးရီးယားကို နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာမှာ ဆက်ပြီးပို့သွားဖို့ ရှိနေတယ်။ မြန်မာနိုင်ငံကိုလည်း ရောင်းချသွားဖို့ စိတ်ဝင်စားနေသလို ရက်ကာလကိုတော့ မပြောနိုင်သေးပါဘူး''ဟု အဆိုပါကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ Paw-onMwnisar ကပြောကြားသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့မှ အခြားသောမြို့ကြီးနှင့် နယ်များတွင်ဆိုင်ကယ်
စီးနင်းမှုပမာဏများ မြင့်တက်လာနေပြီး သုံးစွဲမှုများပြားလာနိုင်သည့် ယင်းဈေးကွက်ကို ပြည်ပရင်းနှီးမြှုပ်နှံသူများက နားလည်နေပြီဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံချင်နေသည့် သဘောဖြစ်နေကြောင်းသိရသည်။ ဟီးရိုးအနေဖြင့် ယာမဟာကုမ္ပဏီက လာမည့်အောက်တိုဘာတွင် မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်ဝင်ရောက်မှုကို လေ့လာပြီးမှ လာရောက်မည်ဖြစ်ပြီး ၄င်းတို့အတွက် ဖက်စပ်ကုမ္ပဏီတစ်ခုကို မကြာခင်ကြေညာပေးတော့မည် ဖြစ်ကြောင်းသိရသည်။

pyimyanmar journal မှသိသမျှ ။

No comments:

Post a Comment