Friday 7 September 2012

 ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ ‘မိုးကောင်းကင်၌ တိမ်တိုက်များ’ ၀တ္ထုကို ဗီဒီယိုရိုက်ကူး


၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သည့် ကိုမြအေး၏ ‘မိုးကောင်းကင်၌ တိမ်တိုက်များ’ ၀တ္ထုကို ဒါရိုက်တာ ကြည်ဖြူသျှင်က ဗီဒီယို ဇာတ်ကားအဖြစ် ရိုက်ကူးလျက်ရှိကြောင်း သိရှိရသည်။
“၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် အစ်ကိုအစ်မတွေနဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရုံးခန်းဖွင့်ပွဲမှာစပြီး ရင်းနှီးခဲ့တယ်။ သူတို့ဆီမှာရှိတဲ့ အနုပညာတွေက သူများနဲ့မတူတဲ့ အတွေးအမြင်နဲ့ခံစားမှုတွေ ရှိနေတယ်။ ကိုမြအေးက သူထောင်ထဲမှာတုန်းက ရေးထားတဲ့ဝတ္ထုရှိတယ်ဆိုတော့ စိတ်ဝင်စားပြီး ဖတ်ကြည့်တယ်။ ဇာတ်လမ်းက ဇာတ်ကားမရိုက်ရင် မနေနိုင်လောက်အောင်ဇာတ်က ဆွဲဆောင်ခဲ့တယ်။ ဒါကြောင့် ကိုယ်တိုင်ဇာတ် ညွှန်းရေးပြီး ရိုက်ကူးဖြစ်တာပါ” ဟု ဒါရိုက်တာကြည်ဖြူသျှင်ကဆိုသည်။
‘မိုးကောင်းကင်၌ တိမ်တိုက်များ’ ၀တ္ထုကို စာရေးသူပေးလိုသည့် အကြောင်းအရာများကို ထိမိစွာ
တင်ပြနိုင်ရန်ကြိုးစားထားပြီး ပရိသတ်များအကြား အမြန်ရောက်ရှိစေရန်အတွက် ဗီဒီယိုအဖြစ် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ဒါရိုက်တာက ဆိုပါသည်။
“ဒီဇာတ်ကား ရုပ်ရှင်ကားကြီး ရိုက်လို့ ကောင်းတဲ့ဇာတ်ပါ။ ဒါပေမယ့် အစ်မအနေနဲ့ နှစ်နှစ်လောက် မစောင့်ချင်တာကြောင့် ဗီဒီယိုအဖြစ် ရိုက်တာပါ။ ဒါကြောင့် အခုလိုဗီဒီယို ဈေးကွက်ပျက်ချိန်မှာတောင်မှ ငွေကြေးအရရော သရုပ်ဆောင်အားနဲ့ ရိုက်ကူးမှုတွေအားလုံး ဘာမှမလျှော့ဘဲ ရိုက်ကူးထားတယ်” ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါသည်။
အဆိုပါ ဇာတ်ကားတွင် နေတိုး၊ ရဲမွန်၊ ရဲသီဟကို၊ သက်မွန်မြင့်၊ ပွင့်ဖူးသခင်နှင့် ဆုကဗျာတို့ ပါဝင်သရုပ်ဆောင် ထားသည်။

Eleven media မှ သိသမျှ ။

No comments:

Post a Comment