Friday 7 September 2012

မလေးရှားတက္ကသိုလ် ကျောင်းဝင်ခွင့်ပညာသင်ဆု လာမည့်နှစ်အတွက် ဂုဏ်ထူးတန်းအထိပေးမည်




မလေးရှားINTIInternationUniversityမှလာမည့်နှစ်ကျောင်းဝင်ခွင့်အတွက် မြန်မာကျောင်းသား၊
 ကျောင်းသူများအား Certificate တန်းမှ Master တန်းအထိSholarship ပေးအပ်ပေးသွားမည်ဖြစ်ကြောင်း Grace Education မှ သိရသည်။ ယင်းတက္ကသိုလ်မှ ပညာသင်ဆုအား ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပေးအပ်သွားမည်ဖြစ်ပြီး GCE A Level အောင်မြင်ထားသူများအနေဖြင့်
တက္ကသိုလ်ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

INTI Internation University သည် အနောက်နိုင်ငံများနှင့် ချိတ်ဆက်ထားသည့် အာရှိနိုင်ငံအတွင်းရှိ တက္ကသိုလ်တစ်ခုဖြစ်ပြီး အသေးစိတ်သိရှိလိုသူများအနေဖြင့် Grace Edu Service အမှတ် (၁၉၀)၊ ၂၈ လမ်း(အထက်)၊ ပန်းပဲတန်း၊ ဖုန်း- ၃၇၂၃၅၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 
သုတလင်း ပေါ်ပြူလာ မှ သိသမျှ ။

No comments:

Post a Comment