Thursday 6 September 2012

ဘဏ်အကောင့် ရှိပြီး အင်တာနက်သုံးနိုင်သော မည်သည့်နေရာကမဆို Click ခလုပ်တစ်ချက်နှိပ်ရုံဖြင့် မီတာဆောင်နိုင်သောဝန်ဆောင်မှုစတင် တော့မည်

                                               မီတာခပေးဆောင်ရန် ဒီနေရာမှ သွားရောက်နိုင်ပါသည် ။


ဘဏ်အကောင့်ရှိပြီး အင်တာနက်အသုံးပြု၍ရသောမည်သည့်ဒေသမှဖြစ်စေ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးဆောင်ရမည့် မီတာခငွေများကို Online
Electricity Billing System ဖြင့်ယခုလကုန်ပိုင်းမှစတင်၍ ပေးဆောင်နိုင်
တော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။
အဆိုပါ Online Electricity Billing Systemသည်လျှပ်စစ်စွမ်းအားဝန်ကြီး
ဌာန၊ရတနာပုံတယ်လီပို့၊မြန်မာ့စီးပွားေ၇းဘဏ်နှင့်ပြည်တွင်းပုဂ္ဂလိက
ဘဏ်များပူပေါင်းအကောင်အထည်ဖော်ထားသောစနစ်တစ်ခုဖြစ်သည်။
၎င်းစနစ်သည်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်မီတာအသုံးပြုခငွေများ
ကိုလူကိုယ်တိုင်သွားေ၇ာက်စီတန်းပေးသွင်းရသည့်စနစ်ကို အဆင့်မြင့်တင်

လိုက်သည့် e-government ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ကွန်ပြူတာဖြင့်သာမကဘဲ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်သည့် အိုင်တီပစ္စည်းအာလုံးကို သုံးစွဲပေးဆောင်နိုင်မည်ဖြစ်သည်။
“ယခု Online Electricity Billing Payment System ကိုအကောင်အထည်
ဖော်တည်ဆောက်ခဲ့လို့ပထမအဆင့်အဖြစ်နေပြည်တော်နှင့်မန္တလေးမှာ
စတင်သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်လတ်တလောရ၇ှိမယ့်မြင်သာထင်သာ
ရှိတဲ့ အကျိုးကျေးဇူးတွေကတော့ ပြည်သူပြည်သားအားလုံးဘဏ်အကောင့်
တစ်ခုရှိရုံနဲ့ အင်တာနက်ရရှိတဲ့ ဘယ်နေရာကမဆို လျှပ်စစ်မီတာခကျသင့်
ငွေကိုပေးသွင်းနိုင်ပါမယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ငွေစာရင်းဌာနတွေအနေနဲ့လည်းများပြား
လှတဲ့ မီတာခငွေတွေကို လိုက်လံစုစည်းစရာမလိုဘဲ သက်ဆိုင်ရာဘဏ်
အနေ ငွေစာရင်းလွှဲပေးရုံနဲ့ရရှိနိုင်မှာဖြစ်ပါတယ်ဘဏ်လုပ်ငန်းတွေအနေနဲ့
လည်းပြည်သူတွေအတွက် ၀န်ဆောင်မှုအသစ်တစ်ခုဖန်တီးနိုင်ပါမယ်။
အထက်ကပြောခဲ့တဲ့အကျိုးကျေးဇူးတွေကိုနိုင်ငံတော်၊သက်ဆိုင်ရာအစိုးရ
ဌာနတွေ နဲ့ ပြည်သူတွေအကြားသုံးဦးသုံးဖလှယ်ရရှိနိုင်မှာဖြစ်ပါတယ်။”
ဟု ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမီတက်၏ဒုတိယအမှုဆောင်အရာရှိချုပ်
က စက်တင်ဘာလ(၆)ရက်နေ့တွင်ကျင်းပပြုလုပ်သော Online Electricity
Billing Payment System စတင်သုံးဆွဲခြင်းအခမ်းအနားတွင် ပြောကြားသည်။
အွန်လိုင်းမှ လျှပ်စစ်ဝန်ကြီးဌာနသို့ မီတာခငွေပေးဆောင်နိုင်ရန်အတွက် အွန်လိုင်းအကောင့်ဖွင့်လှစ်နိုင်သော ဘဏ်များမှာမြန်မာ့စီးပွားေ၇းဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးေ၇းဘဏ်၊သမ၀ါယမဘဏ်နှင့်မြန်မာအရှေတိုင်းဘဏ်
တို့ပင်ဖြစ်ပြီး နောင်တွင်း အခြားပုဂ္ဂလိက ဘဏ်များမှလည်းပေးဆောင်
နိုင်ရန် ရတနာပုံတယ်လီပို့ကုမ္ပဏီလီမီတက်မှဆောင်ရွက်လျှက်ရှိကြောင်း ၊
ယင်းသို့ပေးဆောင်ရာတွင် ၀န်ဆောင်ခအဖြစ် မီတာတစ်စောင်လျှင်ကျပ် ငါးရာသတ်မှတ်ထားကြောင်း၊လက်ရှိအကောင့်ဖွင့်နိုင်သောရတနာပုံတယ်
လီပို့ကုမ္ပဏီလီမီတက်နှင့်အွန်လိုင်းစနစ်ချိတ်ဆက်ထားသောဘဏ်များအ
တွင်းမှ မိမိနှင့်နီးစပ်ရာဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြိုတင်ငွေ
အနည်းဆုံး ကျပ်တစ်သောင်းစတင်စာရင်းဖွင့်ထားရမည်ဖြစ်ကြောင်း၊၎င်းဘဏ်မှ အကောင့်နံပတ်နှင့် PIN Coad တို့အားထုပ်ပေးမည်ဖြစ်ကြောင်း၊ပြီးနောက် ရတနာပုံဝက်ဘ်ပေါ်မှတဆင့် (သို့မဟုတ်) http://ebilling.ypay.com.mm/ သို့ဝင်ရောက်၍ငွေပေးချေမှုကိုပြုလုပ်နိုင်ကြောင်းထပ်လောင်းသိရသည်။

စွမ်းရဲထွဋ် , ပေါ်ပြူလာ မှ သိသမျှ ။

No comments:

Post a Comment