Monday 10 September 2012

တရုတ်ကုန်စည်ပြပွဲတွင် မြန်မာအာဆီယံ ကိုယ်စားပြု ပြသခွင့် ရရှိ


၉ ကြိမ်မြောက် ကျင်းပမည့် တရုတ် အာဆီယံ ကုန်စည်ပြပွဲ တွင် မြန်မာနိုင်ငံသည် အာဆီယံ ကိုယ်စားပြု ပြသရမည်ဟု စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကုန်စည်ပြပွဲကို စက် တင်ဘာ ၂၁ရက်နေ့မှ၂၅ရက် နေ့အထိကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အာဆီယံကိုယ်စားပြုအဖြစ်အခမ်းအနားဖွင့်ပွဲနှင့်ပိတ်ပွဲ ပြုလုပ်ပေးရမည်ဟုသိရသည်။ကိုယ်စားပြု ပြသရမည် ဖြစ်သောကြောင့် မြန်မာအမျိုးသား ပြခန်းဆောင်နှင့် ကုန်စည်ပြခန်း ဆောင်နှစ်ခုဖြင့် ပြသမည် ဖြစ်ပြီး အမျိုးသား ပြခန်းဆောင်တွင် မြန်မာနိုင်ငံနှင့်
ပတ်သက်သော ကဏ္ဍရှစ်ရပ်၏ ဖွံ့ဖြိုးမှု သတင်း အချက်အလက်များ ပါဝင်ပြသမည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ ကျောက်မျက်ထွက်ကုန်များကိုပါ ပြသမည်ဟု သိရသည်။ကုန်စည်ပြခန်းတွင် အခန်း ၈ဝ ပါဝင်သော ပြခန်းေ ဆာင်ဖြင့် ပြသမည်ဖြစ်ပြီး ကျောက်မျက်နှင့် သစ်တောထွက်ကုန် ပရိဘောဂ များကို အဓိကထားပြသမည် ဖြစ်ကာ ပြခန်းတစ်ခန်းလျှင် ကုမ္ပဏီ နှစ်ခုမှ ပြသမည်ဖြစ်ပြီး စုစုပေါင်း ကုမ္ပဏီ ၁၆ဝ မှ
ကုန်သည်ပေါင်း ၃၅ဝ ခန့် သွားရောက်ပြသကြမည်ဟု သိရသည်။
မြန်မာနိုင်ငံသည် အဆိုပါ ကုန်စည်ပြပွဲကို နှစ်စဉ် သွားရောက် ပြသကြပြီး ယမန်နှစ်များတွင် တရုတ်ပြည်မှ စီစဉ်ပေးသော စင်းလုံးငှားလေယာဉ်တစ်စင်းဖြင့် သာ သွားရောက်ခဲ့ပြီး ယခုနှစ်တွင် MAI မှ လေယာဉ်တစ်စင်း ထပ်မံငှားယူ၍ သွားရောက်ရမည်ဟု သိရသည်။
Popular myanmar journal မှ သိသမျှ ။

No comments:

Post a Comment