Monday 10 September 2012

ကြယ်စင်မော်ကွန်းဇာတ်ကား ထဲက ဇာတ်ဝင်ခန်းတချို့ကို ပြန်လည်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပန်းချီစိုးမိုး


သမိုင်းဝင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'ကြယ်စင်မော် ကွန်း' ဇာတ်ကားကို စက်တင်ဘာလ ၇ရက်နေ့၊ မနက် ၈ နာရီက ရန်ကင်းမြို့နယ်(ကျောက် ကုန်း)ရှိ တပ်မတော်မှတ် တ
မ်းရုံးမှာဇာတ်ဝင်ခန်း တချို့ကိုပြန်လည် ရိုက်ကူးခဲ့ပါတယ်။ အဆိုပါရိုက်ကွင်းကို ပေါ်ပြူလာအဖွဲ့သားများ သွားရောက် သတင်းယူခဲ့ပါတယ်။ ရိုက်ကွင်းပေါ်မှာ ဇာတ်ကားတစ် ကားကောင်းဖို့အတွက် ဒါရိုက်တာဖြစ်သူ ပန်းချီစိုးမိုးက သရုပ်ဆောင်များကို မမောနိုင်မပန်းနိုင် အိုက်တင်သင်ကြား ပေးနေပါတယ်။
'ကြယ်စင်မော်ကွန်း' ဇာတ်ကားပြန်လည် ရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ပန်းချီစိုးမိုးက "ဇာတ်ကားတစ်ကားနဲ့ တစ်ကား လိုအပ်ချက်တွေ၊ ကွာခြားချက်တွေမတူကြပါဘူး။ ကိုယ့်ဘာသာကိုယ် ဇာတ်ကားတွေဆက်တဲ့အခါမှာ လိုအပ်ချက်တွေရှိတယ်။ ကိုယ်ကိုယ်တိုင်ကောင်းအောင် လုပ်မယ်လို့ သန္နိဌာန် ချရင်း ဖြစ်အောင် လုပ်မှာပါ။ အခုပြန်ရိုက်တဲ့ဇာတ်ဝင်ခန်းက ဇင်ဝိုင်းသရုပ်ဆောင်တဲ့ ဇာတ်ဝင် ခန်းပါ။ သူက ရှေ့ထွက်ပြီး ပစ်ခတ်တဲ့အခါမှာ သူ့နောက်က တပည့်တွေ သေနတ်ချိန်တော့ သူ့ကိုချိန်ပြီး ပစ်သလိုဖြစ်နေလို့ အဲဒီအခန်းကိုပြန်ရိုက် တာပါ။ ရုတ်တရက်ဆို ကြည့်ရင် မသိသာဘူး။ဒါပေမဲ့ ပရိသတ်အများ ကြည့်မယ့် ဇာတ်ကားတစ်ကားမှာ အရည်အသွေးအပြည့်အစုံပဲ ပြချင်လို့ပါ။ လိုအပ်တာကို သိသိချည်းနဲ့ ပြန်မရိုက်တာတော့ မကောင်းဘူးပေါ့။ နိုက်ဆင်းန် အတွက်လည်း နေတိုး၊ စိုးရန်အောင်တို့နဲ့ ရိုက်ကူးသွားမှာပါ" လို့ပြောကြားသွား ခဲ့ပါတယ်။
ညပိုင်းရောက်ပြန်တော့လည်း မှတ်တမ်းရုံးအတွင်းမှာ မှောင်မှောင်မည်း မည်းနဲ့ ရိုက်ကွင်းတည်နေပါတယ်။ ညပိုင်းရိုက်ကူးမယ့် ဇာတ်ဝင်ခန်း အတွက် ပြင်ဆင်နေကြ ပါတယ်။ ဒါရိုက်တာ ပန်းချီစိုးမိုးကလည်း သရုပ်ဆောင်များဖြစ်တဲ့ နေတိုးနဲ့ စိုးရန်အောင်တို့ရဲ့ ဝတ်စားဆင်ယင် ပုံများကို အသေးစိတ်ပြင်ဆင်နေတာကို မြင်တွေ့ ခဲ့ရပါတယ်။ ၃နှစ် ကြာရိုက်ကူးခဲ့တဲ့ ကြယ်စင်မော်ကွန်း ဇာတ်ကားကို အကောင်းဆုံး ဖြစ်အောင် ဒါရိုက်တာ၊ ဇာတ်ဆောင်၊ ဇာတ်ပို့အစရှိတဲ့သူများက တက်ညီ လက်ညီ ဆောင်ရွက်နေကြပါတယ်။ သဏ္ဌာန်လုပ် သရုပ်ဆောင်ကြတာ ဆိုပေမယ့် ပရိသတ်အတွက် ထားရှိတဲ့စေတနာ၊ မေတ္တာများကို မြင်တွေ့ခဲ့ ရတာအမှန်ပါပဲ။ ကြယ်စင်မော်ကွန်းဇာတ်ကားကို ၂ဝဝ၉ခုနှစ်လောက် ကတည်းက စတင်ရိုက်ကူးခဲ့ပြီး၂ဝ၁၃ခုနှစ် ရုံတင်ပြ သနိုင်ဖို့ စီစဉ်နေကြပါ တယ်။ ဇာတ်ကားတစ်ကားကောင်းဖို့ အတွက် စ၊ လယ်၊ ဆုံး အကောင်းဆုံး ဖြစ်အောင် ဒါရိုက်တာပန်းချီစိုးမိုးက သူ့ရိုက်ကူးရေးအဖွဲ့သားများနဲ့ အတူ မမောနိုင်မပန်းနိုင် ဆောင်ရွက်နေ ပါတယ်။ သမိုင်းတွင်မယ့် ကြယ်စင် မော်ကွန်း ဇာတ်ကားကို ၂ဝ၁၃ခုနှစ်မှာ ပရိသတ်များမြင် တွေ့ရမှာ ဖြစ်ပါတယ်။
 
 Popular journal မှ သိသမျှ ။
 

No comments:

Post a Comment